Part 12(Uni+Zawgyi)

3K 368 15
                                    

⭐Unicode⭐

ဒီနေ့မနက်မှာတော့ ရှောင်းကျန့်တစ်ယောက် ရိပေါ်နဲ့အတူ အမဲလိုက်ထွက်ရန်ပြင်ဆင်နေလေသည်။လိုအပ်တယ်ထင်တဲ့ ပစ္စည်းတစ်ချို့ကိုလည်းယူဆောင်လာခဲ့သည်။

"ရိပေါ်...သွားကြ....အယ်...ရိပေါ်"

ရှောင်းကျန့်စကားပြောနေရင်းပင် ရိပေါ်ကိုကြည့်လိုက်မိသည်။ရိပေါ်က ရှောင်းကျန့်ရဲ့ shirtအင်္ကျီအဖြူလေး နှင့် ဘောင်းဘီတိုကို ဝတ်ထားကာ အဲ့ဒီအပေါ်မှာမှ သူဝတ်နေကျဖြစ်တဲ့ သားရေနဲ့လုပ်ထားတဲ့ တာဇံလိုလို လူရိုင်းလိုလိုဝတ်စုံကို ထပ်ဝတ်ထားသည်။

သူ့ရဲ့ကျောပိုးအိတ်ကို မွှေထားသည်ထင်တယ်....နေကာမျက်မှန်ကိုလည်းတပ်ထားသေးသည်။လက်ထဲမှာလည်း တင်းပုတ်လိုလို ကိုင်နေကြတုတ်တံနဲ့...ဒီပုံစံက ရိပေါ်ရဲ့အမဲလိုက်ထွက်မယ့်ပုံစံပေါ့လေ...

ဒီပုံစံက ရိပေါ်ရဲ့အမဲလိုက်ထွက်မယ့်ပုံစံပေါ့လေ

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

(စောက်ရမ်း ဂေါ်နေသော ပေါ်ကြီး😂😂)

"ရိပေါ်...တကယ်ကြီး ဒီပုံစံနဲ့အမဲလိုက်ထွက်မလို့လား..."

ရိပေါ်က ဘာဖြစ်လို့လဲဆိုတဲ့ပုံစံမျိုးနဲ့မေ့ငေါ့ပြလာသည်။နေကာမျက်မှန်တပ်ထားတာကြောင့် ရိပေါ်ရဲ့မျက်လုံးတွေကိုတော့ သူကြည့်ခွင့်မရခဲ့....

"ရိပေါ်...သားကောင်တွေကိုနေကာမျက်မှန်ကြီးတပ် ပြီးအမဲလိုက်လို့အဆင်ပြေပါ့မလား"

ရိပေါ်က သူ့ကိုဘာမှပြန်မပြောပဲ သူ့လက်ကိုဆွဲကာသာ ဂူအပြင်သို့ ခေါ်သွားလေသည်။မျက်နှာကလည်း အထက်သို့မော်ချီနေကာ တစ်လောကလုံး သူ့လုပ်စာ ထိုင်စာနေသည့်ပုံစံမျိုးနဲ့....

"ဟားးးဟားးးဟားးရိပေါ်!!!"

ရိပေါ်ကတော့ သူရယ်မောနေတာကိုဂရုမစိုက်ပဲ ယုံကြည်မှုရှိရှိနဲ့ တောကောင်လိုက်ရန်သာပြင်တော့သည်။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Wo Geschichten leben. Entdecke jetzt