Part 13(Uni+Zawgyi)

3K 361 17
                                    

⭐Unicode⭐

ထိုမိန်းကလေးများထဲမှ တစ်ယောက်မှာ ရိပေါ်ရှေ့သို့ ပဲများပြီး တွန့်လိမ် ကောက်ကွေးကာလျှောက်လာလေသည်။နေပါဦး...မိန်းကလေးတွေပဲများတာ ကမ္ဘာဦးမှာထဲကလားးး????

ထိုကမ္ဘာဦး မိန်းကလေးက လှတယ်ဆိုတာကို ရှောင်းကျန့်သိပါတယ်...ဒါပေမယ့် သူ့မျက်လုံးထဲမှာ အပြစ်သာမြင်နေမိသည်။

"ဂူးးးဝါးးးဂါးးး"

ထိုကမ္ဘာဦးမိန်းကလေးက စကားတစ်ခွန်းပြောကာ ရိပေါ်အား ပန်းသီး တစ်လုံးအားပေးလေသည်။မျက်နှာမှာလည်းရှက်သလိုလို ဘာလိုလိုနဲ့။

ရိပေါ်ရဲ့မျက်နှာက ပုံမှန်အတိုင်းဆိုပေမယ့်...သူ့အနေနဲ့ သဝန်တိုမိပါတယ်...ဘာကြောင့်လည်းဆိုတာကိုတော့ သူမတွေးချင်ပါ....

ရိပေါ်က ဘာမှပြန်မပြောခင် ရှောင်းကျန့်တစ်ယောက် ထိုမိန်းကလေး လက်ထဲမှ ပန်းသီးကိုကိုင်ကာ အဝေးသို့ လွှင့်ပစ်လိုက်သည်။သူရဲ့သဝန်တိုစိတ်ကို သူထိန်းမရခဲ့ဘူး။

ထိုမိန်းကလေးမှာ ဒေါသထွက်သွားသည်ထင်တယ်...သူ့အားလက်ထဲမှာပါလာတဲ့ ဝါးချွန်နှင့် ရွယ်လိုက်တော့သည်။

ထိုအခါမှ ရိပေါ်က သူ့ရှေ့မှာပိတ်ရပ်ကာ ထိုကမ္ဘာဦးလူသား မိန်းကလေးအား လက်ထဲမှ တင်းပုတ်နဲ့ ထုလိုက်တော့သည်။

တင်းပုတ်နဲ့ အထုခံလိုက်ရတာကြောင့် ထိုမိန်းကလေးမှာလည်း အဲ့နေရာမှာတင် မေ့လဲသွားတော့သည်။ကျန်တဲ့ထိုမိန်းကလေးရဲ့အပေါင်းဖော်တွေကတော့ ထွက်ပြေးကုန်ကြပြီ....

ရှောင်းကျန့်တစ်ယောက် ခုလက်ထိ ကြက်သေသေနေမိတုန်းပင်...ရိပေါ်က  မိန်းကလေးတစ်ယောက်ကို တင်းပုတ်နဲ့ထုပစ်လိုက်တယ်...အဲ့တာကလည်း သူကို ဝါးချွန်နဲ့ ရွယ်လို့တဲ့လား...

တကယ်ဆိုရင် သူ့ဘက်က အရင်ရန်စခဲ့မိတာပါ...သူမှားမှန်းလဲသိပါတယ်...ရိပေါ်ကလည်း သိမယ်ဆိုတာ သူသိသည်။ဒါပေမယ့် ရိပေါ်က သူ့တစ်ယောက်တည်းကိုပဲ ကြည့်ပေးခဲ့တာပဲ...မှားမှားမှန်မှန် သူ့ဘက်က ရပ်တည်ပေးခဲ့တဲ့ သူ့ရဲ့ အဖိုးတန်တဲ့ကမ္ဘာဦး လူသားလေးပဲ...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now