Part 10(Uni+Zawgyi)

3.2K 387 6
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက် ဆာကူရာအနံ့လေးကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့ရှေ့မှာ ရပ်ကာ သူ့ကိုကာကွယ်ပေးနေတဲ့ ရိပေါ်ကို တွေ့လိုက်ရသည်။

ရှေ့မှ ကမ္ဘာဦးလူသားကြီးကိုလည်း ဒေါသတွေ အရမ်းထွက်နေပုံရသည်။ဒေါသကြောင့် ရိပေါ်ရဲ့ မျက်နှာတစ်ခုလုံးဟာ နီရဲနေသည်။

"ဂါးးးဂူးးးရီးးး"
(သတ်စားမယ်)

ရှေ့မှကမ္ဘာဦး လူသားကြီးရဲ့စကားကြောင့် ရိပေါ်ရဲ့မျက်နှာမှာ ပေါက်ကွဲထွက်တော့မည့်အတိုင်း ပို၍နီရဲလာလေသည်။

"ဂီးးးဝါးးးဂါးးး"
(သူကိုမထိနဲ့)

နှစ်ယောက်လုံး ဘာစကားတွေပြောနေကြမှန်းရှောင်းကျန့်နားမလည်ပေမယ့် ရိပေါ်ကသူ့ကိုသေချာပေါက် ကာကွယ်ပေးမည်ဆိုတာကိုတာ့ ရှောင်းကျန့်သိသည်။

များမကြာမီ ရိပေါ်နဲ့ ထိုကမ္ဘာဦး လူသားကြီးရဲ့ တိုက်ခိုက်မှုတွေဟာစတင်ခဲ့တယ်။ရိပေါ်ဟာ သူကိုင်ဆောင်လေ့ရှိတဲ့ တုတ်ချောင်းကြီး နဲ့ အခြားတစ်ဖက်ကို တိုက်ခိုက်နေသည်။တစ်ဖက်ကလည်း လှံတံနှင့်တိုက်ခိုက်နေတာကြောင့် ရှောင်းကျန့်မှာ ရင်တလှပ်လှပ်နှင့်။ခုချိန်မှာ ရိပေါ်ကို ဘာမှကူလုပ်မပေးနိုင်တဲ့ သူ့ကိုယ်သူသာစိတ်ပျက်မိသည်။

အပြိုင်အဆိုင်တိုက်ခိုက်ရင်းနှင့်ပင် တစ်ဖက်က ကမ္ဘာဦးလူသားမှ ရိပေါ်ရဲ့ လက်မောင်းကို လှံနှင့်ထိုးလိုက်သည်။ရိပေါ်တတ်နိုင်သလောက်ရှောင်လိုက်ပေမယ့် ရှပ်ထိသွားလေသည်။

"ရိပေါ်!!!!!"

ရှောင်းကျန့်မှာသာရိပေါ်အတွက် စိုးရိမ်တကြီးအော်ဟစ်နေပေမယ့် ရိပေါ်ကတော့ ဘယ်လိုမှမနေ ဖြစ်မြဲဖြစ်စဥ်တစ်ခုလို ပုံစုံဖြင့်သာ တစ်ဖက်က လူကို အသေအလဲတိုက်ခိုက်နေသည်။

နောက်ဆုံးမှာတော့ တစ်ဖက်က ကမ္ဘာဦးလူသားကြီးမှာ မြေပေါ်သို့ လဲကျကာ​ရှုံးနိမ့်သွားလေသည်။ရိပေါ်လည်း ထိုလဲကျနေတဲ့ လူကို လှံတံနဲ့ ထိုးစိုက်မည်အပြု

"ရိပေါ်!!!မလုပ်နဲ့!!!သူ့ကိုမသတ်နဲ့ရိပေါ်..."

ရှောင်းကျန့်လည်း ရိပေါ်လက်ကိုကိုင်ကာ တစ်ဖက်က လူကိုမသတ်ဖို့ ​တားလိုက်သည်။ကမ္ဘာဦးမှာ ဒီလိုအချင်းချင်း သတ်ဖြတ်နေတာတွေက ဆန်းချင်မှ ဆန်းပါလိမ့်မယ်။ဒါပေမယ့်သူရောက်လာတဲ့အချိန်မှာတော့ ရိပေါ်ရဲ့လက်မှာသွေးစွန်းတာကိုသူမမြင်ချင်ပါ။

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now