Part 4(Uni+Zawgyi)

3.7K 402 12
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက် စာအုပ်ထဲမှထွက်လာသော အလင်းရောင်များ မှာ စူးလွန်းသဖြင့် မျက်လုံးများကိုတင်းတင်း မှိတ်ထားမိသည်။

အလင်းရောင်များလျော့ပါးသွား၍ မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့  သူတစ်ခါမှ မရောက်ဘူးတဲ့နေရာတစ်ခု၊ လက်ရှိနေခဲ့တဲ့ နေရာနဲ့ လုံးဝကိုကွဲပြားခြားနားနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရသည်။ပြီးတော့ သူထိုင်နေတာက စာအုပ်ဆိုင်က ခုံပေါ်မှာမဟုတ်တော့ပဲ ကျောက်တုံး တစ်ခုပေါ်မှာသာ.....

အမြင်မှားတာလား ဟူ၍ မျက်လုံးများကို သေချာပြန်ပွတ်ပြီး ပတ်ဝန်ကျင်ကိုပြန်ကြည့်သော်လည်း သူ့အမြင်ကမမှား....

ရှောင်းကျန့်ရဲ့ လက်ထဲမှာလည်း စာအုပ်ဆိုင်မှာဖတ်ခဲ့တဲ့  ထူးဆန်းတဲ့
စာအုပ်နီညိုရောင်လေးက နေရာယူနေလေသည်။စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးထားတာက...*ကမ္ဘာဦးလူသားများ* တဲ့.....

"ဒါ...ဒါဆို ငါက ဝတ္ထုတွေထဲကလို အချိန်...အချိန်ခရီးသွားနေတာလား..."

အံ့သြလွန်းတာကြောင့် စကားသံများကလည်း ဂနာမငြိမ် ထစ်ငေါ့ ထစ်ငေါ့ နှင့်သာထွက်လာသည်။

ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့လည်း ဘာ အဆောက်အဦးမှ မရှိတဲ့ဟာလာဟင်းလင်းပြင်ကြီးးး...တစ်ချို့နေရာတွေမှာလည်း ထူးဆန်းတဲ့ သစ်ပင်များက ပေါက်နေလေသည်။သူတစ်ခါမှတောင် မမြင်ဖူးတဲ့ အပင်မျိုးစိတ်တွေပဲ....

"ဒါဆို...ငါ...ငါက.. တကယ်ပဲ ကမ္ဘာဦး ကို အချိန်ခရီးသွားမိပြီး ရောက်နေတာပေါ့လေ...မယုံနိုင်စရာပဲ...ဘာလို့ငါမှလဲ"

ရှောင်းကျန့်လည်း စိတ်ပျက်လက်ပျက်နှင့်ထိုင်နေမိတဲ့ ကျောက်တုံးပေါ်မှထကာ မတ်တပ် ရပ်လိုက်သည်။ကျောမှာလည်း ရှောင်းအိမ်တော်မှထွက်လာထဲက ပါလာတဲ့ အနက်ရောင်ကျောပိုးအိတ်လေးက ရှိနေသည်။

(၂၁ရာစုကပစ္စည်းတွေကိုဒီဘက်ခေတ်ကိုယူလာလို့ရတယ်ဆိုတဲ့အဓိပ္ပါယ်ပါ😉)

"ခု...ငါကဘယ်ကိုသွားရမှာလဲ...ဟူးးးးဘာပဲဖြစ်ဖြစ် ခုလောလောဆယ်တော့လုံလုံခြုံခြုံ အိပ်လို့ရမယ့် နေရာတစ်ခုတော့ သေချာပေါက်ရှာမှဖြစ်မယ်"

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now