Part 2(Uni+Zawgyi)

4K 399 8
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက် အတွေးတွေကို ပြန်သိမ်းရင် အိပ်ရာဆီသို့သာ ပြန်လာခဲ့သည်။ထို့နောက်တွင်တော့ ကွေးကွေးလေးပြန်အိပ်နေမိသည်။သူ၃ရက်လောက်တော့ ဒီအခန်းထဲမှာပိတ်ထားခံရဦးမှာပဲ...

ဒီရက်တွေအတွင်း ရှောင်းကျန့်၏အဖော်က အခန်းထဲမှာ ရှိတဲ့ စာအုပ်များသာ...
__________________

၃ရက်ပြည့်သွားခဲ့ပြီ...အဓိပ္ပါယ်က သူအခန်းထဲက ထွက်ခွင့်ရှိပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့....ဒဏ်ရာတွေဟာလည်းသက်သာသွားခဲ့ပြီ....

တက္ကသိုလ်ကျောင်းသားတစ်ယောက်မို့ကျောင်းသွားရန်ပြင်ဆင်ရလေသည်။အမြဲတမ်းကျောင်းပျက်နေရင် သူ့အတွက်အဆင်မပြေဘူးလေ....

ရှောင်းကျန့်လည်း ကျောင်းသွားရန်ပြင်ဆင်ပြီး ဆင်းလာတော့ ထမင်းစားခန်းမှာ မနက်စာစားနေကြတဲ့ ပါးနဲ့သူ့မိထွေး...ရှောင်းကျန့်လည်း ဆက်ကြည့်မနေတော့ပဲ အိမ်ပြင်သို့သာထွက်လာလိုက်သည်။မနက်စာမစားတာ အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီမို့ အထွေးအထူးတော့မဟုတ်...

အိမ်ပြင်ရောက်သည်နှင့်ရှောင်းအိမ်တော်ရဲ့ Driverဦးလေးကြီးက ကားတံခါးကိုအဆင်သင့်ဖွင့်ပေးထားသည်။အင်းးးပါးက ရှောင်းအိမ်ရဲ့ဂုဏ်ကိုတော့ အထိအခိုက်မခံဘူးပဲ....ရှောင်းကျန့်လည်း ကားပေါ်မှာ စာအုပ်ဖတ်ရင်း လိုက်ပါလာခဲ့သည်။

"ရှောင်းသခင်လေး...ကျောင်းရောက်ပါပြီ"

"ဟုတ်ကဲ့"

ရှောင်းကျန့်တစ်ယောက် ကျောင်းဝန်းထဲခြေချလိုက်သည်နှင့် သူ့အားဝိုင်းအုံကာ မုန့်တွေ ပန်းစည်းတွေပေးလာတဲ့ မိန်းကလေးတစ်သိုက်....ထိုစဥ်သူ့လက်အားဆွဲကာ ခေါ်သွားသည့် လူတစ်ယောက်...အဲဒီလူကတော့ သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းလေး ကျန်းကျင့်ဖုန်းပင်...

ထို့နောက် ကျင့်ဖုန်းနဲ့ နှစ်ယောက်အတူ စာသင်ခန်းသို့သွားကြသည်။စာသင်ခန်းထဲမှာလည်း အမြဲလိုလိုအတူထိုင်ဖြစ်ကြသည်။

"ကျန့်လေး ရော့"

သူအမြဲသောက်တဲ့ နွားနို့ဘူးလေးက သူ့ခုံပေါ်မှာ...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now