Part 3(Uni+Zawgyi)

3.7K 397 14
                                    

⭐Unicode⭐

အချိန်က ည၇နာရီ...
ရှောင်းကျန့်တစ်ယောက် စာအုပ်တစ်အုပ်ကိုဖတ်နေတုန်း  အခန်းထဲသို့ဝင်လာတဲ့ သူ့မိထွေးဆိုသူ...

"ခင်ဗျား ကျုပ်အခန်းထဲကို ဘာလာလုပ်တာလဲ...အခုချက်ချင်းထွက်သွား!!!"

ထိုမိန်းမက ဟိုပေါ်ဒီပေါ်နှင့် ညအိပ်ဝတ်စုံ အဖြူကို ဝတ်ထားပြီး သူ့ရဲ့ စကားတွေကို ဂရုမစိုက်သလို သရော်ပြုံးတစ်ခုကိုသာပြုံးပြနေသည်။

"ထွက်သွားလို့ပြောနေတယ်လေ!!!"

"အဟင်းးးမောင်လေးကလည်း မမကို တစိမ်းမဆန်ပါနဲ့လား...မမနဲ့ ရင်းနှီးကြည့်ကြမလား...ဟင်..."

ညုတုတု အသံနှင့် သူ့ရဲ့ ပခုံးနှစ်ဖက်ကို ပွတ်သပ် လာတဲ့ထိုမိန်းမ...

"ခင်ဗျားးးဘယ်လိုစကားတွေပြောနေတယ်ဆိုတာကိုရောသိရဲ့လား!!!ခု ခင်ဗျားပြောနေတာ ခင်ဗျားယောက်ျားရဲ့သားနော်"

"တို့သိတယ်လေ...အဲ့တော့ဘာဖြစ်လဲ...ခုအချိန်မှာ မင်းပါးကလည်း အလုပ်ကပြန်မလာသေးဘူးဆိုတော့...ဘယ်သူမှသိမှာမဟုတ်ပါဘူး...တို့နဲ့အချိန်ဖြုန်းကြရအောင်ကွာ"

ပြောရင်းမှာပင် သူ့ကို အတင်းနမ်းရှိုက်လာတဲ့ ထိုမိန်းမ...ရှောင်းကျန့်လည်း တွန်းထုတ်ဖို့လုပ်နေတုန်း ရုတ်တရက် အခန်းထဲဝင်လာတဲ့ပါး

"ရှောင်းကျန့်!!!!မင်းးး"

"ပါးး ဒီမိန်းမ ကျွန်တော့်ကို"

စကားတောင် မဆုံးသေး သူ့ကို ဆက်တိုက် ထိုးကြိတ်လာတဲ့ပါးးး

'ခွပ်...ခွပ်...ခွပ်'

"ကိုကြီးးး ရှောင်းကျန့်လေ...သူ..သူ ညီမကို...အဟင့်..အဟင့်"

ဟန်ဆောင်ကောင်းတဲ့ မြေခွေးမက ပါးရဲ့ ရင်ခွင်ထဲမှာ ငိုယိုပြနေလေသည်။ထိုမြေခွေးမကိုပင် ယုယုယယ ပြန်ပွေ့ဖက်ထားတဲ့ပါးးး

"ရှောင်းကျန့်...မင်းလိုသားမျိုး ငါ့မှာ
မရှိဘူး...ခုချက်ချင်း အိမ်ပေါ်က ဆင်းသွားစမ်း!!! ဘယ်တော့မှပြန်မလာနဲ့ သေလေကောင်းလေပဲ"

"ပါးးးး!!!!!"

ရှောင်းကျန့် တစ်ယောက် နာကျင်ရလွန်းလို့ ကျဆင်းလာတဲ့ မျက်ရည်တွေကိုပင် မသုတ်ဖြစ်တော့...ပါးမို့ပြောရက်တယ် ပါးရယ်...

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Onde histórias criam vida. Descubra agora