အခန်း ၁ |အခန္း ၁

4.2K 199 9
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

ဤယ​နေ့ညအခါသည် လမသာ​ချေ။
​ကောင်းကင်ယံထက် တိမ်တစ်စနှစ်စကလွဲ ကြယ်​​ပြောက်​လေးပင်မရှိ။
​မှောင်ပိန်းပိန်း​​လေထုထဲ မီးစာရနံ့များသာ ထူထူထဲထဲ ပျံ့လွင့်လျက်ရှိသည်။

"သခင်ကြီး..."

"သခင်ကြီး အားတင်းထားပါဦး"

"စိတ်ကိုမ​လျှော့လိုက်ပါနဲ့...ကျွန်​တော်တို့ ရ​အောင်ကယ်မှာမို့ စိတ်ကိုမ​လျှော့ချလိုက်ပါနဲ့"

ဤ​နေရာကို ရွာငယ်တစ်ခုဟုပင်မဆိုနိုင်။
ဆင်းရဲတွင်းနက်လွန်း​သော လူတစ်စု ​နေထိုင်​သော အစုက​လေးမျှသာဖြစ်လိမ့်မည်။
ရှိသည့် အိမ်က​လေး ​လေး ငါး အိမ်အနက် အနည်းငယ်မျှပိုကြီးသည်ဟု ထင်ရ​သော တဲက​လေးထဲတွင်သာ အလင်း​ရောင်တစ်စရှိသည်။

​ရေနံရှားပါးမှု​ကြောင့် နှစ်တိုင်မျှ​သော မီးတုတ်တို့ကိုသာထွန်းနိုင်​သဖြင့် ထိုအဝန်းမှလွဲ ပတ်ဝန်းကျင်ဟာ ပိတ်ပိတ်​ပျောက်လျက်။

ဖျာကြမ်းက​လေးတစ်ခု​ပေါ်တွင် ​လှဲ​လျောင်း​နေ​သော လူကြီးတစ်​ယောက်သာ တည်ငြိမ်​နေ​ပြီး ​ဘေးတွင်ဝိုင်းနေ​သော လူများမှာမူ အပူမကင်းနိုင်။ မျက်ရည်များစက်လက်ကျလို့ ရှုပ်ယှက်ခတ်​နေ​သော အ​ခြေအ​နေဖြစ်သည်။

သည်​တောင်ကို မ​ကျော်နိုင်​တော့မှန်း သ​ဘော​ပေါက်​​သော သခင်ကြီးဟူသည့်လှဲ​လျောင်း​နေ​သော လူကြီးက​တော့ အရာအားလုံးကို လက်​လျှော့လိုက်ဟန်ဖြင့် ငြိမ်းချမ်းစွာ​နေဟန်ရှိ၏။

သို့​သော် မဲ၍ချိုင့်ဝင်​နေပြီဖြစ်​သော မျက်ဝန်းများထဲမှ ရဲရဲ​တောက်မီးလျှံများသည်​တော့ ငြိမ်းချင်ပုံမရှိ​သေး။

"တိတ်ကြစမ်း! ဒီမှာ သခင်ကြီး စကား​ပြောမယ်!"

မလှုပ်ရှား​နိုင်​တော့​သည့် အ​ကြော​သေလုနီးပါးဖြစ်​နေ​သော လက်ကို တုန်တုန်ချိချိဖြင့် ​မြှောက်ပြ​သောသခင်ကြီးသည် ​နောက်ဆုံးအချိန်ထိရဲစွမ်းကျန်သေးဟန်ရှိသည်။

လက်ဟန်ကိုမြင်၍ လူယုံတစ်​ယောက်က ​အော်လိုက်​တော့မှ ငို​ကြွေးဆူပူ​နေ​သော လူစုကြီးမှာ ငြိမ်သက်သွားပြီး ပုဇဥ်း​တောင်ပံခတ်သံပင်ကြားရ​လောက်​အောင် တိတ်ဆိတ်သွား၏။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now