{ အနီရောင်ချောက်ကမ်းပါး }
ချူမြို့တော်၏ရာသီဥတုသည် အတော်အတန်မျှ ကောင်းမွန်သည်ဟုဆိုရမည်။
ဆောင်းဦးမကျ နွေမကသော ကြားဥတုတွင်ပင် ပြင်းထန်သောအခြေအနေမဖြစ်။
တောင်ပေါ်ဒေသမို့လည်းပါမည်။ နံနက်စောစောနှင့် ညချမ်းအခါဆိုလျှင် ခပ်စိမ့်စိမ့်ရှိတတ်သော်လည်း နေ့လယ်နေ့ခင်းများတွင်တော့ မအေးမပူသင့်လျော်၏။ဤသည်မှာ လေပြေသွေးသွေး၏ပံ့ပိုးမှုပါဝင်သောကြောင့်လည်းဖြစ်မည်။
မြေနေရာတောင်ပေါ်ဖြစ်သည့်အပြင် ဆောင်းဝင်ကာနီးမို့ တောင်ဇလပ်ပန်းတွေမှာလည်း ဝေဝေဆာဆာဖူးလို့နေချေပြီ။ တော်ဝင်သဇင်တို့သည်လည်း အဆုပ်လိုက်ရှိချေပြီ။
နေရောင်ကျသည်ပင် မြူတို့မှာမရှင်းသေး။ ထို့ကြောင့် တောင်ခြေအနားခပ်လူးလူးကိုပင်မမြင်ရပါချေ။
ခပ်လှမ်းလှမ်းမှ မှုန်ရီပြာလဲ့နေသော ကောင်းကင်နှင့်မြေပြင်များကိုတစ်လှည့်စီကြည့်ရင်း ဆွေးမိတော့ လွမ်းသလိုလိုပါပင်။ သို့သော် လွမ်းခွင့်သည်မရှိသလား။ ပြည့်ဝစွာမလွမ်းရဲ။ မတတ်နိုင်ပေ။
အားနည်းနေသည့်ကိုယ်မို့ မသန်မာပါ။ သို့သော် ဝမ်ရိပေါ်သည် ခေါင်းမာစွာ ပြတင်းပေါက်ကျယ်ကျယ်ကိုလှစ်ဟရင်း ဘောင်အထက်လျော့တိလျော့ရဲမှီလို့နေဖြစ်သည်။
သူ့တွင် အမှန်တကယ်ကျန်းမာလိုသည့်ခံစားချက်မရှိပါ။ တာဝန်တွေကနေ ရုန်းထွက်ချင်၍ လက်ရှိနေရာမှပြေးသွားလိုက်ချင်၏။လတ်ဆတ်သောလေကို ခံစားနေရသည်။ ဖူးဖွင့်စဇလပ်ပန်းတို့၏အလှကိုလည်းမြင်ရသည်။ ဒါပေသည့် စိတ်တွင်တက်ကြွလိုစိတ်ကား နည်းနည်းကလေးမျှပင်ဖြစ်တည်မလာခဲ့။
"နိုးနေတာပြောရောပေါ့ ဝမ်ယွင်....လေစိမ်းမခံသင့်တာကိုသိလျက်နဲ့ ထွက်နေရသလားကွယ်"
ရုတ်တရက် ပြောပြောဆိုဆိုနဲ့ကိုယ်ပေါ်လွှားခနဲရောက်လာသည်က သိုးထည်ရုံကလေး။
![](https://img.wattpad.com/cover/312326752-288-k971460.jpg)
ESTÁS LEYENDO
|| အနီရောင်ချောက်ကမ်းပါး-红悬崖 ||
Fanficချစ်ခြင်းတရားတို့မည်သည် အနီရောင်အသားအနားရှိလေ၏။ ချစ်ခြင်းတရားတို့မည်သည် အနီရောင်ရှိအသားအနားရှိလေ၏။ 红悬崖ဟုခေါ်သည်။ Zsww Historical Fanfiction Warning: May be M-perg ခုလိုfic coverလှလှလေးကိုဆွဲပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအများကြီးတင်လိုက်ပါတ...