အခန်း ၇ |အခန္း ၇

960 121 11
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

ဒုန်းခနဲ။ ​ဒေါသတကြီးထွက်​ပေါ်လာသံဟာ ဒုန်းခနဲဟူ၍။
တုန်တက်သွားတဲ့ သူ့ကိုယ်အတွက် တရားခံမှာ ထိုဒုန်းခနဲမြည်သံသာ။

​ခေါင်းငိုက်စိုက်ကျလို့ ​မကြည်သာမှု​တွေပြည့်​နေတဲ့ သူ့စိတ်ကိုထိုအသံကသာ ​ဖျော်ချလိုက်ခြင်း။

လန့်သွားရသည့် သူ့ရင်မှာ တဒိန်းဒိန်းခုန်လို့ ​အေးစက်သွားရ​​​လေ​တော့ ဘာ​ကြောင့်များလဲဟုတွေးရင်း စိုးထိတ်သွားရပါ​တော့သည်။

ကျန်သည့်ဘာသံညာသံကိုလည်း မကြားရ​တော့​။
​အလျင်တ​ဆော​မော့ကြည့်မိသည့်အခါ ​တွေ့ရသည်က ဟိုး ခပ်မြင့်မြင့်ပလ္လင်​ပေါ်မှ ဘုရင်တစ်ပါးတည်းကိုသာဖြစ်သည်။

ရင်​ကော့​ခေါင်း​မော့လို့ ထိုင်​နေသည့်ဘုရင်က ကြားသိထားရ၍သာ ရုပ်​သေးဘုရင်ဟုသာ သိရသည်။

​တွယ်ကုပ်စရာ ခြေစွယ်တို့ကျိုးထား​သော်လည်း မာန်မချ​သေးသည့် အ​တောင်တဖျတ်ဖျတ်နှင့် ဇာမဏီငှက်ကဲ့သို့။ မဲနှယ်ပြာပုံထဲမှ ပြန်လည်ရုန်းထ​တော့မည့် ဇာမဏီငှက်ကဲ့သို့။

အမှန်တကယ်ပင် ဂုဏ်ညစ်နွမ်းလို့ ညိုးငယ်​နေရသည့်ပုံကို မ​တွေ့ရပါ​ချေ။

မျက်နှာ​တော်ကိုမူ ရတနာ​ခေါင်း​ဆောင်းကွယ်​နေ၍ မ​တွေ့ရ​။
သို့​သော် ယခုမှခစားသည့် သူ့အား စူးစူးတန်းကြည့်​နေသကဲ့သို့ ခံစားချက်​ကြောင့်
တင်းထားရ​သော မာသည့်စိတ်တို့မှာ ဝမ်းနည်းမှုအဖြစ်​ပြောင်းလာရ​တော့သည်။

ဘာ့ကြောင့်နည်း။

"ဝမ်က​လေး..."

​ဘေးမှခေါ်လာသည့် အသံ​ကြောင့်သာ အသိပြန်ဝင်ခဲ့သည်။

အ​ခြေအ​နေကို ပြန်သုံးသပ်ကြည့်​တော့ ရာထူးအပ်နှင်း​နေစဥ်ဖြစ်​ကြောင်း သတိရမိ၍ ဘုရင်ကို ​ပေါ်​ပေါ်ထင်ထင် ​မော်ဖူး​နေသည့် သူ့လုပ်ရပ်အားရပ်၍ လိုချင်ခဲ့ခြင်းအလျင်းမရှိပါသည့် ရာထူးဒြပ်စင်ကို လက်ခံရ​​တော့၏။

"​ကျေးဇူး​ကြီးမြတ်လှ​ကြောင်းပါ အရှင်မင်းကြီး"

ထို့​နောက် ခါးကိုညွှတ်ကိုင်းလို့အရိုအ​သေ​ပေးရပြန်သည်။
​ဘေးမှ စိတ်ပျက်ဖွယ်အပြုံးကို မသိချင်​ယောင်​ဆောင်လို့ မိမိကိုယ်ကို အား​ပေးရပြန်သည်။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Hikayelerin yaşadığı yer. Şimdi keşfedin