{ အနီရောင်ချောက်ကမ်းပါး }
လေအဝှေ့၌ မခိုင်သော ရွက်ကြွေရွက်ညှာများက ဖြေးဖြေးချင်းဝဲကျလာသည်။
သစ်ပင်ခြုံနွယ်တို့၏ ပွတ်တိုက်သံက သာယာစွာပျံ့လွင့်နေသလို နေရောင်ခြည်လည်းကောင်းစွာကျရောက်၍ ဥယာဥ်တော်ကြီးဟာအသက်ဝင်လျက်ရှိသည်။ပဒုမ္မာကြာဖူးတို့က ကန်ရေပြင်တစ်လျှောက် ယိမ်းနွဲ့နေကာ ပုဇဥ်းပုတုန်းစသော သတ္တဝါများဟာ ဝတ်မှုန်တို့အား ကန်ရေပြင်ပေါ် ဝဲပျံရင်းကူးချည်သယ်ချည်ပြုနေကြသည်။
ရေပြင်ပေါ်က လေသာဆောင်တွင် ငြိမ်နေသော အရှင်သခင်ကတော့ ကန်ရေပြင်ဘက်ကို မမှိတ်မသုန်စိုက်ကြည့်လျက်ရှိနေတာအတော်ကြာခဲ့ပြီ။
ခံစားချက်မဲ့နေသော မျက်ခုံးမျက်ဝန်းတို့က အသက်မဝင်သော်လည်း နက်မှောင်သွယ်တန်းကာ။ မျက်ခွံကလေးများလှုပ်ခတ်တာရှားသည့် အရှင်ဟာ အသက်ရှင်နေသည့် ရုပ်တုတစ်ခုလိုလည်းငြိမ်နေတတ်သေးသည်။ ခတ်များခတ်လိုက်ပါလျှင်လည်း ကော့ညွှတ်ကာ အုပ်မိုးကျသွားတတ်တဲ့ မျက်တောင်စိတ်ကလေးများကြောင့် အရှင်၏အလှဟာ စာဖွဲ့လို့မမှီအောင် လင်းထင်းနေရော့၏။
သို့သော် မည်မျှပင် လှပသည့်အလှတရားဖြစ်သော်လည်း အပယ်ခံတစ်ပါးဖြစ်သည့်အခါ လျစ်လျူရှုခံစေတာပုံမှန်လို။
ရုပ်သေးဘုရင်တစ်ယောက်ဖြစ်သည့်အပြင် မျက်မမြင်၊ ဆွံ့အသူဟူ၍ ဂုဏ်ပုဒ်တပ်ထားခြင်းခံရသောကြောင့် အရှင်သခင်၏အနားတွင် ချီကုန်းကုန်းနှင့် အယောင်ပြသက်တော်စောင့် နှစ်ပါးကလွဲ၍ မည်သည့်အစေခံမှမရှိ။ ယခင်ကတော့ အနည်းငယ်ထားထားပေမယ့် ဒုက္ခိတတစ်ယောက်ကို ပြုစုနေသည်က အချိန်တွေပြုန်းသလိုဖြစ်မည်စိုး၍ထင်သည်။ အရှင်သခင်၏အနားတွင် မည်သူမှရှိမနေတော့ပါချေ။
ရှိသည့်သူများဟာလည်း အဆင်မပြေခဲ့။ လူတို့၏မမြင်ကွယ်ရာပြုတတ်သည့် စရိုက်ကြောင့် အရှင်နှင့် အနီးကပ်ဆုံးနေရသည့် ချီကုန်းကုန်းသည်ပင် အရှင်သခင်ကိုလေးစားခြင်းမရှိ။
![](https://img.wattpad.com/cover/312326752-288-k971460.jpg)
VOCÊ ESTÁ LENDO
|| အနီရောင်ချောက်ကမ်းပါး-红悬崖 ||
Fanfictionချစ်ခြင်းတရားတို့မည်သည် အနီရောင်အသားအနားရှိလေ၏။ ချစ်ခြင်းတရားတို့မည်သည် အနီရောင်ရှိအသားအနားရှိလေ၏။ 红悬崖ဟုခေါ်သည်။ Zsww Historical Fanfiction Warning: May be M-perg ခုလိုfic coverလှလှလေးကိုဆွဲပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအများကြီးတင်လိုက်ပါတ...