အခန်း ၆ |အခန္း ၆

1K 133 24
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

လပြည့်​နေ့ ကိုယ်လုပ်​တော် ​ရွေးပွဲမတိုင်ခင် ၃ရက်အလို...
ည​နေခင်း။

"သခင်​လေး ဘယ်လို​နေ​သေးလဲ?"

အခန်းတွင်းသို့ဝင်ခါနီးရှိုးယွမ်ကို တားပြီး စစ်လုံ​မေးလိုက်သည့်အခါ ရှိုးယွမ်က မျက်နှာမ​ကောင်းစွာ ​ခေါင်းသာခါပြသည်။ထို့​နောက် ​ဆေးဗန်းကိုသယ်ပြီး တံခါးဖွင့်ဝင်သွားသဖြင့် ဟသွား​သော တံခါးအကြားမှ မြင်လိုက်ရသည်က သခင်​လေး၏ပြိုလဲ​နေ​သောပုံရိပ်။

စစ်လုံမှာ ဘာမှမတတ်နိုင်လိုက်။ ဘာမှမကူညီနိုင်​ပေ။

ခရီးကပြန်​ရောက်​ရောက်ချင်း ရှာမိသည်က သခင်​လေးတို့ကိုပင်။ သို့​သော် သူပြန်အလာကို ပြုံးရွှင်စွာကြိုဆို​နေမည့်သခင်​လေးအစား ​သွေးစက်လက်ဖြင့်ပြန်လာသည့် မှုန်ရီ​နေသည့် သခင်​လေးကိုသာ သူကကြိုဆိုလိုက်ရသည်။

မ​ကောင်း​သောအ​ခြေအ​နေ​ကြောင့် ဘာ​တွေဖြစ်ခဲ့သလဲ သူမ​မေးရ။ ​မေးလည်းမ​မေးရက်ခဲ့။

ပြန်ပိတ်သွား​သော တံခါးအကြား မြင်ခွင့်ရှိလိုက်သည့် ​ကျောပြင်ငယ်ကိုသာ လှမ်း​ငေးလို့ ငြိမ်​နေခဲ့ရ၏။

အခန်းတွင်းသို့ ဝင်သွား​သော ရှိုးယွမ်က​တော့ တံခါးပိတ်ပြီး​နောက် ​ဆေးဗန်းကိုသယ်လို့ သခင်​လေး၏အနားသို့ တိုးကပ်သွားလိုက်သည်။

ကိုယ်တစ်ခြမ်းကို​စားပွဲပေါ် ဘေး​စောင်းလှဲတင်လို့ အိပ်​နေတဲ့သခင်​လေးက အလုံးစုံငြိမ်သက်​နေဟန်။ အိပ်ယာတွင်မဟုတ်ပါက အိပ်​ပျော်​လေ့မရှိ​ကြောင်း အနီးကပ်​နေတဲ့ သူကသိထား၍သာ အိပ်​နေသည်မဟုတ်မှန်း သိ​နေရခြင်းပင်။

မဟုတ်လျှင် ဝမ်းနည်း​နေ​သော သခင်​လေးခမျာ ပင်ပန်းလွန်းလို့ အိပ်ရှာပြီဟုသာ ထင်ကြ​ပေလိမ့်မည်။

ဒုတ်

သခင်​လေးလှဲ၍ ကျန်​သောနေရာတွင် ဗန်းကိုတင်လို့ လက်ဆန့်တန်းထားသည့်​နေရာ၏​​ရှေ့တည့်တည့်တွင် ​နေရာယူလိုက်ပြီး နီရဲစွန်းထင်း​နေသည့် လက်က​လေးကိုအဝတ်စိုစိုဖြင့် ​ရေ​ဆေး​ပေး​မိ၏။ ​သွေးတို့သည်​ခြောက်၍သာ။ မဟုတ်လျှင် ​ရေပုံးထဲက​ရေ​တွေအားလုံးနီရဲလုပင်ဖြစ်​တော့မည်။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Tempat cerita menjadi hidup. Temukan sekarang