{ အနီရောင်ချောက်ကမ်းပါး }
လပြည့်နေ့မတိုင်ခင် ၃ရက်အလို။
"ကြွပါ သခင်လေး"
ခါးကြားမှတံဆိပ်ပြားကိုထုတ်ပြလိုက်သည့်အခါ အိမ်တော်စောင့်နှစ်ယောက်က အရိုအသေပေးလျက် ဘေးသို့ဆုတ်သွားကြသည်။
တံခါးပေါက်ပွင့်သွားပြီးနောက်တော့ မဝင်လိုသည့်အိမ်တော်ဝင်းထဲ တွန့်ဆုတ်စွာပင် ခြေလှမ်းရတော့၏။
အိမ်တော်ကြီးမှာ တော်ဝင်နန်းတော်ထဲရှိ မြောက်နန်းဆောင်လောက်ပင် တခမ်းတနားရှိကြောင်းလူပြောများကြသည်။ သူကတော့မသိ။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ မင်းမှုထမ်းမဟုတ်သည့် လူများဟာ ရှင်ဘုရင်စံမြန်းရာဌာနေဆီသို့ လွယ်ကူစွာသွားခွင့်မရှိသောကြောင့်။ ထိုမှမဟုတ်သေး တော်ဝင်ညီလာခံရုံးတော်ကြီးကိုပင် ခြေချခွင့်မရှိ။
သို့သော် ကြားရသည့်သတင်းများနဲ့ပင် စိတ်မခံသာလှပေ။
အမှန်တကယ်တွင်မူ ရှင်ဘုရင်၏တော်ဝင်နန်းဆောင်ကဲ့သို့တုပပြီး ကြီးကျယ်ထူးမြတ်စွာ အိမ်တိုင်ကိုထူခွင့်မရှိပေ။ ရှင်ဘုရင်တစ်ပါး၏ဘုန်းကံဟူသည်မှာ အရာအားလုံးထက်မြင့်မားသည်မို့ တုနှိုင်းခွင့်မရှိဟု တော်ဝင်စည်းကမ်းချက်အပိုဒ်တစ်၏ ထိပ်ဆုံးနေရာတွင် ဖော်ပြထားသည်ကို မြင်တွေ့နိုင်သည်။
ဤအကြောင်းသည် စာပေလေ့လာဖူးသူတိုင်းသိကြသည့်အရာ။
သို့သော် ယခုမူ ဦးရီးတော်ဖြစ်သူ၏ လုပ်ရပ်များမှာထင်ရှားနေပေမယ့် မည်သူမှ အပြစ်မတင်နိုင်။ မတင်ရဲကြ။
အသစ်ပြင်ဆောက်ထားသော အိမ်တော်ဝင်းကို လိုက်လံကြည့်ရှုနေမိရင်း
ရင်ထဲ ဝမ်းနည်းတစ်ရစ် ဒေါသတစ်ရစ်ဖြင့်ရေချိန်မြင့်လာတာမို့ သူဟာအားလုံးကို လျစ်လျူရှုဖို့ပြင်ရတော့သည်။ ဤနေရာသည် တစ်ချိန်ကသူ့အိမ်တော်ပေပဲမို့။
အလှဆုံးအတိတ်တွေနဲ့ အိပ်မက်တစ်ခုဖြစ်ဖူးသည်မို့။ရှိုးယွမ်ကတော့ ဆိတ်ဆိတ်နေသောသူ့ကိုအလိုက်သိစွာ ဘာတစ်ခွန်းမှဆိုမလာ၊ အနောက်ကထပ်ကြပ်မကွာလိုက်ပြီးသာ အရိပ်တကြည့်ကြည့်ရှိနေပါလေတော့သည်။
YOU ARE READING
|| အနီရောင်ချောက်ကမ်းပါး-红悬崖 ||
Fanfictionချစ်ခြင်းတရားတို့မည်သည် အနီရောင်အသားအနားရှိလေ၏။ ချစ်ခြင်းတရားတို့မည်သည် အနီရောင်ရှိအသားအနားရှိလေ၏။ 红悬崖ဟုခေါ်သည်။ Zsww Historical Fanfiction Warning: May be M-perg ခုလိုfic coverလှလှလေးကိုဆွဲပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအများကြီးတင်လိုက်ပါတ...