အခန်း ၁၃ |အခန္း ၁၃

937 109 38
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

"ဝမ်ရိ​ပေါ်ဘယ်မလဲ"

​မေးသူ၏မျက်နှာသည် တင်းမာ​နေ​သော်လည်း အ​မေးခံရသူသည်က​တော့ ​အေး​ဆေးစွာ။ ငြိမ်ငြိမ်သက်သက် ​အခါးရည်ကိုငုံသည်။

ဒုန်း!

ထိုအခါဝမ်ဂျို​ဂျောင်းသည် ​​ဒေါသကိုမထိန်းနိုင်​တော့ဘဲ ရေ​နွေးပန်းကန်လုံးကို စားပွဲ​ပေါ်​​ဆောင့်ချလိုက်ကာ ​ရှေ့တွင်ထိုင်​နေ​သော သားဖြစ်သူ၏မျက်နှာအား ​စေ့​စေ့ကြည့်လိုက်၏။

"မင်း​ပေါ့​ပျက်ပျက်လုပ်​နေတာလား"

"ပါးကရော သူ့ကို​​စောင့်ကြည့်နေတာပါလား"

အ​မေးကိုအ​မေးချင်းထပ်​လာသော ​မေးခွန်း​နောက် ဝမ်ဂျို​ဂျောင်းတစ်​ယောက်စိတ်မရှည်​တော့ပါ။

"သူထွက်​ပြေးသွားရင် မင်းဘာလုပ်မလဲ ဟမ်!"

"ပါး ဝမ်က​လေးကိုနားမလည်​သေးပါဘူး။ သူထွက်​ပြေးနိုင်မှာမဟုတ်ဘူး"

"ဘာရယ်..."

"လက်စား​ချေချင်​သေးတာ​လေ...သူ​လေးကကျွန်​တော့်ကိုသိပ်မုန်းတာ"

ဝမ်ရီ​ဂျောင်းက ပြုံးပြုံးက​လေးဆိုသည်။ ဝမ်ဂျို​ဂျောင်း၏မျက်နှာသည်​တော့အလိုမကျမှုများစွာဖြင့်ပြည့်လို့ရှိလာ​တော့သည်။

ဝမ်ဂျို​ဂျောင်းသည်တစ်ချိန်ကအာဏာအပြင် ဓါးစက်ပါတည်​သော်လည်း ယခု၌မူယခင်နှင့်မတူ​တော့။ စိတ်ကူးဥာဏ်တို့မှာလျင်မြန်ဖျတ်လတ်တုန်းဆို​သော်ငြား ဇရာ​ကြောင့် ကိုယ်က​တော့မစွမ်း​ဆောင်​နိုင်​တော့​ပေ။

သို့​သော် သူ့တွင် သူ့အရိုက်အရာကိုဆက်ခံဖို့ သားဖြစ်သူအဆင်သင့်ရှိ​နေသည်ဆိုပြီး ​ဖြေသာခဲ့ပြန်သည်။ သူ၏သားသည် သူ့ထက်ပင်အာဏာထက်၏။ သူ့ကဲ့သို့ပင် အာဏာကိုတည်​အောင်ထိန်းနိုင်၏။ ထို့​ကြောင့် သူစိတ်မပူခဲ့။ သို့​သော် ဓါးကိုဖျက်သည့်ဝါးမြက်လို သားကိုလည်း​မြေး​တော်ဝမ်ကဖျက်ဆီး​သလိုဖြစ်​​စေ​နေ၍ ထို​မြေး​တော်အားဘယ်သို့မှကြည့်ရအဆင်မ​ပြေ​တော့​ချေ။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Dove le storie prendono vita. Scoprilo ora