အခန်း ၂၀| အခန္း ၂၀

608 62 16
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

အဖြစ်စကားများသည် အမှန်တရားနှင့်အမြဲတမ်းလက်တစ်လုံးခြားသည်။ ဒါကနိယာမတစ်ချက်။ မလိုက်နာချင်လည်းလိုက်နာရမည်။ မ​တွေ့ကြုံ​ချင်လည်း​တွေ့ကြုံ​ရမည်။
လူတို့၌နစ်နာစိတ်ဆိုသည့်အရာရှိ​နေသမျှ ဤအချက်သည် ဘယ်​လောက်ပြုပြင်ပြင်​တစ်သက်လုံး​ဖြေရှင်း​နေရဦးမည်သာဖြစ်သည်။

"အားရန်.."

မာဆတ်ဆတ်အသံနှင့်စူးစိုက်ကြည့်ကာဆိုလိုက်​တော့ အားရန်သည်​ခေါင်း​လေးကိုငုံ့လိုငြိမ်သက်သွားသည်။ မျက်နှာ​လေးကိုမဲ့ရှုံ့လို့သနားကမားအသွင်ဖမ်း​နေပြန်ပြီး လက်ထဲကပတ်တီးစကိုသာတတိတိဆွဲဆွ​နေ​တော့သည်။

မဖြစ်ပါ​ချေ...။ တကယ်မဖြစ်လှ။

ရိ​ပေါ်အတွက်နာကျင်၍ရန်လိုမိသည်ဆို​သော်ငြား ရိ​ပေါ်က​တော့ဒါကိုလက်မခံချင်။
​ကျေးဇူးတင်ဝမ်းသာမိ​သော်လည်း မိမိအတွက်နှင့်အခြားသူများနာကျင်ရသည်ဆိုတာကိုရိ​ပေါ်ကြည့်မ​နေနိုင်။ ​လောကကြီးထဲကထွက်သွား​ပေးတဲ့မိဘနှစ်ပါးနဲ့တင် သူ့အတွက်လုံ​လောက်​နေပြီ။ ထပ်ပြီး​တော့ဘယ်သူ့ကိုမှသူ့အတွက်​ကြောင့်နဲ့အနစ်နာခံ အဆုံးရှုံးခံရတာမျိုးမဖြစ်​စေချင်​တော့ပါ။

နောက်ပြီးမိမိအတွက်ပြဿနာဖြစ်သည်ဟုဆိုလျှင် ရိ​ပေါ်ရင်ထဲအပြစ်ရှိစိတ်ကဦးဆုံးခို​အောင်းသွားပြီမို့ ​လောကတွင်ရိ​ပေါ်မ​တောင့်တဆုံးအရာက မိမိနှင့်ပတ်သက်သည့်ပြဿနာဆိုသည်ပင်ဖြစ်​တော့၏။

သို့​သော် စိတ်မချမ်း​မြေ့ဖွယ်ရာပင်...

ပြဿနာအားမီးစ​မွှေးသူကတစ်ဖက်ဖြစ်ခဲ့သည်ဆိုလျှင် မီး​တောက်ပြင်း​အားကြီးလာ​အောင်ယပ်ခတ်​ပေးခဲ့သူမှာ သူ့တပည့်သားချန်းအားရန်ဖြစ်​နေခဲ့သည်။

အမှန်ပင်။ ဖြစ်ရပ်အမှန်အားသူသိလိုက်ရချိန်တွင် နှစ်ဦးနှစ်ဖက်အလွန်ဖြစ်​ကြောင်းသူရိပ်စားမိလိုက်ပြီ။ ​ကြောက်အားလန့်အားဖြင့် တစ်ဖက်ကအလွန်ချည်း​သာဟုပြောခဲ့​သော အားရန်​ဆိုသလိုမဟုတ်ခဲ့ပါ။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now