အခန်း ၁၆ |အခန္း ၁၆

806 85 33
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

ဗွမ်း ဝုန်း!

"အဟွတ် အဟွတ်"

"သခင်​လေး!!! သခင်​လေး!!!"

"ပြန်တက်လာပြီ ပြန်​ပေါ်လာပြီ ဆင်းဆယ်ကြပါဟ"

"လူရှင်တယ်ထင်တယ်"

"အသက်ရှင်တယ် အသက်ရှင်တယ်​တော့ ကယ်ကြပါဦး!"

"အဲ့တာလူပြုတ်ကျသွားခဲ့တာလား"

​ရေမျက်နှာပြင်​ပေါ် ဖရိုဖရဲဖြစ်စွာဆန်တက်လာသည့်အဖြူ​ရောင်အရိပ်​လေးကိုမြင်သည့်အခိုက်မှ ​သူ့အ​ပျော်နှင့်သူအာရုံကျ​နေခဲ့ကြ​သော​ကြောင့် ရေပွက်သံသာကြားလိုက်သဖြင့် ဘာဖြစ်သွားသလဲနားမလည်စွာ ကြောင်အကြည့်​နေခဲ့​​သောလူအုပ်ကြီးတစ်စုလုံး ရုတ်ရုတ်သဲသဲဖြင့်အသက်ပြန်ဝင်လာခဲ့သည်။

သခင်ဖြစ်သူအဘယ်သို့​ပျောက်သွားသနည်းဟု လိုက်ရှာ​နေ​သော အ​စေခံငယ်များသည်လည်း ​ရေမျက်နှာပြင်ထက်ကကိုယ်ငယ်ကို​တွေ့​သောခါမှ ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ အ​ပြေးအလွှားဆင်းလာကြ​တော့သည်။

အားလုံး၏အာရုံသည် ဂီတတီးလုံး၊ အလှအပများထံမရှိ​တော့ဘဲ ရုတ်စုရုတ်စုဖြင့်တီးတိုးရွတ်ဆို​နေကြသူများ ​ရေထဲတွင်ရုန်းကန်​နေရ​သောသခင်ငယ်​လေးအားကယ်ဆယ်ဖို့အတွက်ကြိုးပမ်း​နေကြသူများဖြင့်ပြည့်နှက်သွား​တော့၏။

"လူ..လူကျန်​သေးတယ် မဟုတ်ဘူး...ရေထဲမှာ လူကျန်​နေ​သေးတယ်"

​​​ရေဝိတ်ဖြင့်​လေးလံ​နေ​သောကိုယ့်ကိုယ်ကိုယ်အာရုံမစိုက်အားဘဲ ​ရေထဲပြန်ဆင်းဖို့ကြံ​နေ​သောသခင်ငယ်သည် စိုး​ရိမ်​ကြောင့်ကြခြင်းများစွာရှိဟန်ရသည်။
သို့​သော် ​ဝေ​ဝေဝါးဝါး​ရေရွတ်​နေ​သော ​တောင်းဆိုသံများထက် လက်ရှိလူ့အသက်ကပို၍အ​ရေးကြီး​သော​ကြောင့် သူ့စကားကိုမည်သူမှနားမ​ထောင်​။ မလွှတ်​ပေးကြ။

ထိုသို့နားမ​ထောင်​သောအခါ ပိုပြီးရုန်း​လေ​တော့ ကယ်ဆယ်​ပေးသည့်သန်သန်မာမာလူကြီးများသည်ပင် ရုန်းရင်းဆန်ခတ်ရုန်းလန်​နေ​သောကိုယ်ငယ်ငယ်​ကြောင့် ထပ်မံနစ်မသွား​ရ​စေရန် မနည်းကူးခတ်​နေရ​​လေ​တော့၏။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now