အခန်း ၁၉| အခန္း ၁၉

663 61 5
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

​အ​အေးဟပ်​နေ​သော မှုန်ရီ​နေသည့်နံနက်ခင်းတစ်ခုသာရှိ​သေးသည်။
ဝန်းသည် ဖြန့်ကျ​နေ​သောမြူနှင်းမှုန်များ​ကြောင့်ငွေ​ရောင်သမ်း​နေကာ အ​အေးထုသည်ရစ်လွှမ်းလို့မဆုံးနိုင်ရှိ​နေ​သေး၏။

​လောက၏အရာရာသည် အ​အေးဒဏ်ကိုအံတုလျက်ရုန်းကန်နိုးကြွလို့ရှိ​နေပြီမို့ မြူထုထည်ထဲဒီအတိုင်းကြီးငြိမ်​တော့ငြိမ်သက်မ​နေ။ လှုပ်ရှား​ရွေ့လျား​နေသူများရှိပြီဖြစ်သည့်အ​လျောက် မြူထုသည်လည်းညဥ့်ဦးက​လောက်အာဏာမပြည့်​​တော့။

ထို့ထက်အဆင်းတူ​သော်လည်း အချင်းမတူသည့်အ​ခိုးအ​ငွေ့များကိုမှုတ်ထုတ်​နေ​သော အ​ဆောင်​တော်​ကြောင့် အ​အေးမြူသည်ပင်ထိုဝန်းကျင်နား​​အေးခဲ​နေ​အောင်မစွမ်း​ဆောင်နိုင်​တော့​ပေ။ ထိုအခါမြူသည်ညည်းညူရင်းနဲ့ပင် ထိုသွက်လက်​သောအ​ဆောင်​​နေရာကိုထိန်ချန်ထားရ​တော့သည်။

ထို​နေရာသည်အခြား​နေရာ​မဟုတ်။ ​တော်ဝင်​သွေးသားတို့အတွက် ဖွယ်ရာစိုပြည်​သောစား​ကောင်း​သောက်ဖွယ်များကိုပြင်ဆင်​ပေးပါ​သည့် တော်ဝင်စားဖို​ဆောင်သာဖြစ်​ပေသည်။

'ကျွီ'

တံခါးရွက်အဖွင့်၌ ​​လားရာဘက်သို့လှည့်လာ​သော​ခေါင်းအလုံး​​​ပေါင်းများစွာရှိ​နေသည်။ သို့​သော် အားလုံး၏ကျင့်သားရ​နေ​သောမျက်လုံးများသည် တစ်မူထူးခြား​ပြောင်းလဲသွားခြင်းမရှိဘဲ ခါတိုင်းကဲ့သို့မထူးခြားနား ​ဒေါင်းဆောင်​ကောင်းသည့်ကျီးတစ်​ကောင်ကိုသာ​တွေ့လိုက်ရသည့်အလား။
ရို​သေသမှုပြုသည့်အ​နေဖြင့်​ခေါင်းတို့အားညိမ့်ကုန်ကြ​သော်လည်း စိတ်မပါ​ကြောင်းသက်​သေပြ​နေသည်က မှင်​​သေ​သေမျက်လုံးများစွာပင်။

"ကြီးကြပ်​ရေးမှူး..."

'ပြန်လာပြီလား'ဟုကြိုဆိုလိုသည့်သ​ဘောမဟုတ်တန်​ကြောင်းအပြုံး​များတန်ဆာ​ဆင်ထား​သောမျက်ဝန်းများကနားလည်သည်။

မ​မျှော်လင့်ထား​သောသူ အချုပ်အားဖြင့်ဆို​ရသော် ​ရောက်လာဖို့မဖိတ်​ခေါ်ထားသည့်သူ​ပေါ်လာသည့်အခါ အာ... ဟု​ရေရွတ်ရုံသာတတ်နိုင်လိုက်သည့်သူတစ်​ယောက်လို သူ့၏ရာထူးအခန်းကဏ္ဍအားညည်းညည်းညူညူရေရွတ်​ပြသည်ဖြစ်ကြောင်း ​ကောင်းစွာ​သ​ဘော​ပေါက်ထားသည်။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || حيث تعيش القصص. اكتشف الآن