အခန်း ၁၁ |အခန္း ၁၁

870 117 31
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

လကွယ်ညမတိုင်ခင် နံနက်ခင်း

"သခင်​လေး!!!"

"အားရန်"

"အူးဝါးးး သခင်​လေး ပြန်လာတာမလား! ကျွန်​တော် တို့ဆီပြန်လာတာမလားဟင်!!! ပြန်လာပါလို့ အီးဟီးးး သခင်​လေးမရှိဘဲ အစ်ကိုရှိုးမရှိဘဲ ကျွန်​တော်တို့မ​ပျော်ဘူးဗျ!!!!"

လွီယွီးစား​တော်ဆက်အတွင်းသို့​ခြေချလိုက်သည်နှင့် မိမိကို​ပြေးဖက်လာပြီး ဝမ်းနည်းတကြီးငို​လေ​သော ချန်းအားရန်​ကြောင့် ရိ​ပေါ်မှာအင့်ခနဲပင်။

​တဂျီဂျီငိုရင်း ဝမ်းပန်းတသာခရီးကြို​တော့လည်း ကြည်နူးရသူမှာ ရိ​ပေါ်သာ။
သူလည်း ဒီဘဝ​လေးကိုလွမ်း​နေရတာမဟုတ်လား။

တစ်လကိုတစ်ခါ အပြင်ထွက်ခွင့်​ပေးသည်ဟူ​သော​ကြောင့် ရိ​ပေါ်နှင့် ရှိုးယွမ်တို့လွီယွီးသို့ ​ရောက်လာကြခြင်း။ အခြားလိုအပ်သည်များရှိတာ​ကြောင့်လည်းပါသလို ကိုယ့်ဆိုင်​ဟောင်း​လေး ဘယ်သို့ရှိ​နေမလဲဟု ​တွေးမိတာ​ကြောင့်လည်းပါသည်။

လာလိုက်ရသည်နှင့် တန်သည်က​တော့ အလွန်အလွန့်ကိုပင်။ မိမိအားလှိုက်လှိုက်လှဲလှဲကြိုဆိုသူများ​ကြောင့် အတွင်းထဲထိလှိုက်စား​နေခဲ့​သော အထီးကျန်မှုက တမဟုတ်ချင်း ​ပျောက်သွားသလို။ ချက်ချင်းကို အားပြည့်လို့သွားရ၏။

"အားရန်...သခင်​လေးကိုလွှတ်လိုက် ညစ်ပတ်ကုန်မယ်"

"အီးဟီး အစ်ကိုရှိုးကအကျင့်မ​ကောင်းဘူးဗျာ...ကျွန်​​တော်က လွမ်းလွန်းလို့ဖက်မိတာကို ဖယ်ခိုင်း​နေတယ်....အစ်ကိုရှိုးက ရက်စက်လိုက်တာ"

ရှိုးယွမ်က ဘာရယ်မဟုတ်​ပြောလိုက်​ပေမယ့် ရှိုးယွမ်စကားဆုံးမှ ရိ​ပေါ်ကိုပိုတိုးဖက်လာပြီး ပို​အော်ငို​လေတဲ့အားရန်​ကြောင့် ရိ​ပေါ်လည်း​ခေါင်းသာခါလို့ပြုံးမိ​တော့သည်။
​အေး​အေး​ဆေး​ဆေး​နေတတ်သည့်ရှိုးယွမ်က​တော့ ​သူ့ရန်ဖြစ်​ဖော်​လေးကိုပြန်​တွေ့​တော့ တစ်ပွဲတစ်လမ်း​လောက်စမ်းချင်​နေသည့်ပုံ​ဖြင့်။ ရန်ဖြစ်​တော့မည့်ဆဲဆဲ။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Nơi câu chuyện tồn tại. Hãy khám phá bây giờ