အခန်း ၂၁| အခန္း ၂၁

645 62 12
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

​​'ဤမဟာ​မြေထုသဘာဝ​လောကကြီး​ပေါ်တွင် မှားယွင်းချက်ဆိုသည်မရှိ။
လူတို့သည်သာ ကိုယ့်ဘာသာချမှတ်ထား​သောစည်းမျဥ်းများကို တစ်ပါးသူတစ်ဦးဦး​သွေဖယ်ငြင်းဆန်ခဲ့လျှင် ထိုကိစ္စသည်မှားသည်ဟုတရား​​သေမှတ်ထားတာမျိုးသာရှိ၏။'

စာ​ပေကျမ်းဂန်လာအရ သူဖတ်ဖူးခဲ့​သောစာသား။

​တစ်ရက်လုံးလုံးသူသည် ဤအဆိုကိုသာအမှတ်ရ​နေမိခဲ့၍ အဖန်တလဲလဲရွတ်ဆိုကြည့်ခဲ့သည်။ သို့​သော်ဖန်တစ်ရာထပ်ဆိုးကာရွတ်လည်း အဆို၏အနက်အားလက်ခံရမည်ကိုလက်တွန့်​နေခဲ့မိ​လေသည်။

မှန်ကားမှန်​သော်ငြား ကိုယ်တိုင်ကဒီမှိုင်းထဲတွင်​တစ်သက်လုံးနေသားတကျရှိ​နေခဲ့​သောအခါ ကိုယ့်ကိုယ်တည်း​မေးမိသည်ကား

'သူ​သွေဖယ်မိတာ​တွေများ​နေခဲ့ပြီလား' ဟူ၍။

ဟုတ်သည်...သူ​သွေဖယ်တာ​တွေများ​နေပြီ။

သူသည်လူတို့သတ်မှတ်ထား​သော ​ယောကျ်ားမိန်းမတို့အကြားကချစ်ခြင်းဆိုသည်ကို​​​ ပထမဆုံးအကြိမ်​အဖြစ်သွေဖယ်မိသည်။ သူသည်သူ့အားကာကွယ်​ပေးခဲ့​သောမျိုးတူလူသားတစ်ဦးအားနှစ်သက်မိခဲ့သည်။
ထို့​နောက်ဒုတိယအ​နေအဖြစ် မသင့်သည်ကိုသိသိကြီးဖြင့်​တောင် ​ခေါင်းမာစွာ​ရှေ့ဆက်တိုးပြီးစိတ်ကူးယဥ်လျက်သွေဖယ်ပြန်သည်။ သူဟာရူးရူးမူးမူးစွဲလမ်း​နေခဲ့ခြင်း။ ​နောက်​တော့ ​နောက်ဆုံးအဆိုးဆုံး​သွေဖယ်ခြင်းအဖြစ် သူသည်အားလုံး၏အထက်မှဘုန်းအာဏာကြီးမားလှ​သောရှင်ဘုရင်အ​ပေါ်ကိုမှ ချစ်ခင်စုံမက်မိခဲ့​​လေ​သည်ဟု။

​သွေဖယ်ခြင်း​များအကြိမ်​ရေထပ်လာသည့်အခါ ဘာဖြစ်သွားနိုင်မည်နည်း။

အများသာသိသွားပါလျှင် စည်းကမ်းသတ်မှတ်ချက်များဖြင့်ပြည့်နှက်​နေသည့်ဒီ​လောကထဲ သူလို​သွေဖယ်သူအား​နေခွင့်​ပေးပါဦးမည်လား။

အထူးသဖြင့်ကိုယ့်ကိုယ်မှခါးခါးသီးသီးမုန်း​နေ​သော မုန်းနိုင်​သော မုန်းဖို့ရာအ​ကြောင်းပြချက်လုံ​လောက်​နေ​သော သူတစ်ဦးကိုမှ ချစ်ခင်စုံမက်မိသွားသည်ဆိုပါလျှင်...။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now