{ အနီရောင်ချောက်ကမ်းပါး }
'အခက်အခဲမှန်သမျှကိုတောင့်ခံနိုင်ပါရစေ...'
လက်အုပ်ချီလို့ သေချာအာရုံပြု ပူဇော်လိုက်သည်။
ထို့နောက် ဒူးထောက်ထားရာမှထကာ သုံးချောင်းမျှသောအမွှေးတိုင်တို့အား ကြေးအိုးကြီးထဲထည့်စိုက်ပြီး အမွှေးနံ့သာများအဖြင့်ကပ်လှူလိုက်၏။ပြီးသောအခါ နွီဝါမယ်တော်၏ရုပ်ထုကို တစ်ချက်မော်ဖူးလိုက်တော့ ပြုံးယောင်သမ်းသော မယ်မယ့်ကိုတွေ့လိုက်ရ၍ ရင်၌ပူလောင်နေရာမှဖြေသာသွားရသလို စိတ်ထဲအတော်ကလေး ငြိမ်းချမ်းသွားရသည်။
ခဏတာဖြစ်ဖြစ် အပူတွေချုပ်ငြိမ်းသွားရသည်မှာ ဆိုးလှသည့်ကိစ္စမဟုတ်ပါ။
မအေးချမ်းနိုင်သည့်ဘဝပိုင်ရှင်မို့ ကံနှင့်ကုသိုလ်အပေါ်သာအားကိုးနိုင်ပါသည်။
ကြိုးစားရုန်းကန်မှုသည်တော့ အကြီးမားဆုံးအထောက်အပံ့တည်းပေါ့။မယ်တော်ကြီးအား အချိန်ကြာကြာဖူးခွင့်မရ။ ဤသည်မှာသူတစ်ယောက်တည်းမဟုတ်။ ပွဲတော်ရက်မို့ ဘုရားကျောင်း နတ်နန်းများသည် ထောင်ပေါင်းများစွာသောလူများဖြင့် ပြည့်နှက်နေ၍ မည်သူမှအေးအေးဆေးဆေးဖူးမျှော်လို့မရနိုင်ပေ။
မိမိအလှည့်သို့မြန်မြန်ရောက်ပြီး အပူများကိုရင်ဖွင့်ချင်ကြသောကြောင့် တိုးကြိတ်နေကြသောလူအမြောက်အများရှိသည်။ ထို့သဖြင့် မိမိသာအီလေးဆွဲပြီးနှေးတုံ့တုံ့လုပ်နေလေလျှင် အများပြောစရာဖြစ်မည်။
ထို့ကြောင့် မိမိအလှည့်ပြီးတာနှင့် နောက်လူအဆင်ပြေအောင် ခပ်မြန်မြန်သာထွက်လာခဲ့လိုက်တော့ အပြင်သို့ရောက်သွားသောအခါ ဘုရားကျောင်းပရဝဏ်အတွင်း ရာအောက်မနည်းသော လူများတိုးလို့နေသည်ကိုတွေ့လိုက်ရသည်။
"သခင်လေး သခင်လေး ဒီမှာ! ကျွန်တော်တို့ဒီမှာ!!!"
မုဒ်ဦးဝမှ ခုန်ဆွခုန်ဆွလုပ်၍ လှမ်းခေါ်သောအားရန်ကိုမမြင်ခင်အထိ အားရန်တို့ဘယ်နားရှိမလဲ ရှာနေမိသေးသည်။
![](https://img.wattpad.com/cover/312326752-288-k971460.jpg)
YOU ARE READING
|| အနီရောင်ချောက်ကမ်းပါး-红悬崖 ||
Fanfictionချစ်ခြင်းတရားတို့မည်သည် အနီရောင်အသားအနားရှိလေ၏။ ချစ်ခြင်းတရားတို့မည်သည် အနီရောင်ရှိအသားအနားရှိလေ၏။ 红悬崖ဟုခေါ်သည်။ Zsww Historical Fanfiction Warning: May be M-perg ခုလိုfic coverလှလှလေးကိုဆွဲပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအများကြီးတင်လိုက်ပါတ...