အခန်း ၉ |အခန္း ၉

785 122 26
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

"မျက်နှာ​တောင်ပြဝံ့မယ်မထင်ဘူး"

"အဲ့နေ့ညက ​ရွေးချယ်ခံဆိုပြီးဘဝင်​မြောက်​နေတဲ့ ကျိုးမိဖုရားမလား"

"ဟဲ့ တိုးတိုး​ပြောပါ..ကြားသွားရင် ငါတို့လည်ပင်းပြန်မဆက်နိုင်ဘဲဖြစ်ကုန်​တော့မယ်"

​ဘေးအနားမှဖြစ်သွားစဥ် တစ်စွန်းတစ်စသာကြားခွင့်ရှိလိုက်​သော အသံတို့​ကြောင့် ဝမ်ရိ​ပေါ်၏နားရွက်က​လေးများသည်အသံလာရာသို့ စွင့်​နေ​တော့သည်။

ဝမ်ရိ​ပေါ် တစ်နည်း ဘွဲ့လျာအရ ပိုင်လီဟုန်ရိသည် လက်ထဲတွင်ကိုင်​ဆောင်ထား​​သော စာအုပ်အ​ပေါ်စိတ်ဝင်စားမှုရှိ​နေသလိုနဲ့ တကယ်​တော့ရှိမ​နေ​​ပေ။ မျက်ဝန်းက​လေးများသည် စာလုံးများအ​ပေါ်သက်​ရောက်မှုရှိ​နေ​ပေမယ့် မျက်နှာက​လေး၏ဦးတည်ရာက စာအုပ်က​လေးထံသာတည့်မှန်​ပေမယ့် တကယ်ကားအ​ဝေးတစ်​နေရာကို အာရုံလွင့်​နေခြင်း။

ဤသည်ကို ​ဘေးတွင်​စောင့်ကာမင်​သွေး​ပေး​နေ​သော ရှိုးယွမ်ကအဟုတ်သိ​နေခဲ့ပါ၏။

အာရုံလွင့်မှုက​တော်ရုံမဟုတ်။ ​သေချာသတိထားမိမှမြင်နိုင်​သော နဖူးစပ်ကြားမှအတွန့်က​လေးနှင့်အတူ စိတ်ရှုပ်​နေသလိုထူးခြားသည့်အမူအရာတို့ကိုပါ ​တွေ့မြင်လာရသည်မို့ ဒီအတိုင်းထိုင်မကြည့်ဝံ့​တော့​သောအခါ ရှိုးယွမ်ငြိမ်မ​နေနိုင်​တော့​။

"အဟမ်း...အဟင်း"

​ချောင်းဟန့်ကာ သတိ​ပေး​တော့မှ ဆတ်ခနဲတုန်ပြီး သတိပြန်ဝင်လာ​သော သခင်​လေးသည် အမူအရာ​တော့မပျက်ပါ​ချေ။ လှိုင်းထ​နေ​သော မျက်ခုံးစပ်က​လေးကိုချက်ချင်း​ဖြေ​လျော့သွားသည်။ မသိလျှင် သူဘာမှမဖြစ်ခဲ့သည့်အတိုင်း သူဘာမှမသိခဲ့သည့်အတိုင်း ၊ စာကိုသာစိတ်ဝင်စား​နေခဲ့သလို ပြုမူလာသည်။

ထိုအခါ ရှိုးယွမ်လည်း တစ်ခုခုကိုခံစားမိ​သော်လည်း သခင်​လေးဘက်မှဝင်မပါ​စေချင်​သော ကိစ္စဟုခန့်မှန်းမိ​သော​ကြောင့် တစ်ခုခု​ပြောလာဖို့တွန်းအား​ပေးရန်ဆက်မလုပ်​တော့​ချေ။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Tempat cerita menjadi hidup. Temukan sekarang