အခန်း ၈ |အခန္း ၈

807 119 12
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

​​အခန်းတွင်းရှိ အရာမှန်သမျှ၏အနားသားများကို ​ရွှေနှင့်ကွပ်ထားသလား ​အောက်​မေ့ရ​လောက်​အောင် ခမ်းနားကြီးကျယ်ပါသည့် ​အ​ဆောင်​တော်၏အတွင်းဘက်အချက်အချာ​နေရာတွင် ထိုင်​နေသူကားဝမ်ဂျို​ဂျောင်းပင်။

သူသည် မိမိ​ရှေ့မှအ​နေကထိုင်​တွင်ထိုင်ရင်း ​ကျောက်စိမ်းပန်းကန်လုံးအားလှည့်ကာ ပြုံး​နေ​သော သားဖြစ်သူဝမ်ရီ​ဂျောင်းအား စူးစူးစိုက်စိုက်ကြည့်​နေ​​လေသည်။

"ဘာ​တွေလုပ်​နေတာလဲ ရီ​ဂျောင်း။ အသုံးမဝင်တဲ့​ သွေးသားကိုငါတို့မလိုဘူးဆိုတာ မသိသလား"

​အ​တော်ကြာအထိတိတ်ဆိတ်​နေခဲ့သည့်အခန်းက ယခုမှပြန်လည်လှုပ်ရှားလာခြင်းဖြစ်သည်။ မ​ပျော့မ​ပြောင်း ခပ်တန်းတန်း​ပြောသည့် ဝမ်ဂျို​​ဂျောင်း၏စကားသံက ​ဒေါသတို့စွတ်စွာပင်။ သို့​သော် ​ရှေ့ကသားငယ်က​တော့ ထိုသည်ကိုမည်သို့မှမ​နေသည့်ပုံ​နှင့်။

"အသုံးလိုတယ်...ကျွန်​တော် လိုတယ်​လေ"

ရီ​ဂျောင်းကခပ်ပြုံးပြုံးက​လေးကြည့်ကာဆို​တော့ ဝမ်ဂျို​ဂျောင်းကသူ့သား၏အကြံ​တွေကို သိသည့်အတိုင်း။ နှာတစ်ချက်ရှုံ့ကာ ​ခေါင်းကိုခါချ၏။

"ကိုယ့်တူ​တော်ကိုမှ လိုချင်​နေတဲ့မင်းအဖြစ်ကို ငါတကယ်စိတ်ကုန်​လွန်းတယ်"

ထိုသို့​ဆို​သော်လည်း ရီ​ဂျောင်းက​တော့အပြုံးမပျက်။

"သိတယ်​..တူ​တော်မှန်းသိလို့ ကျွန်​တော်ဘာမှမလှုပ်တာ​ပဲ။ ပါးလည်း ကျွန်​တော့်အ​ကြောင်းသိတယ်မဟုတ်လား..လိုချင်ရင်အဆုံးစွန်ထိလုပ်တတ်သား"

"ဒါဆို အခုက​ရောဘာ​တွေကြံ​နေသလဲ...သူကဘာအကူအညီမှရမှာမဟုတ်ဘူး အလကား​သွေးသားပဲ။ အမျိုးအတွက် ဘာများအ​ထောက်အကူဖြစ်သလဲ...ဘာမဟုတ်တဲ့အရည်အချင်းနဲ့ သူက​တောင်စွန့်ပစ်ဖို့​တောင်ကြံ​နေတာမဟုတ်လား"

"ခုမပစ်​သေးဘူးမလား...ဖြစ်မလာ​သေးတာတွေမ​ပြော​နေပါနဲ့ပါးရယ်.."

"မင်း!"

"ဘုရင်ကိုသံသယရှိ​နေတယ်...ဝမ်က​လေးက ဒီအတွက်အရုပ်တစ်ရုပ်ထပ်ဖြစ်ရမှာပဲ"

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Hikayelerin yaşadığı yer. Şimdi keşfedin