အခန်း ၃ |အခန္း ၃

1.2K 155 15
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

ရင်ခွင်ထဲမှ က​လေးငယ်၏ ငိုသံမှာ တဆာဆာ။
လူတို့၏ ​အော်ဆိုငိုဟစ်သံများဟာလည်း ဆူဆူညံညံပင်။

​မြေလွှာ၏ ပင့်တက်မှု​ကြောင့် လမ်းမတို့ကျိုးကာ ၊ အိမ်​တွေပျက်စီးရသည့်အတွက် ​နေရာအနှံ့ ဖုန်မှုန့်ဖုန်မွှားများဖြင့် ​ဝေးဝါး​နေသည်။

​ပြောရလျှင် ကမ္ဘာပျက်သည်ဟူ​သော အဆိုဟာ ဤအ​ခြေအ​နေကို ရည်ရွယ်ခြင်းဖြစ်​မည်ဟု ထင်ရသည်အထိ။

ဤကဲ့သို့ ဆိုးရွားစွာဗရုတ်ထ​နေချိန် ​မည်သူကမှ သာယာစွာမ​နေနိုင်။ အေး​ဆေးစွာ ​နေနိုင်တဲ့သူရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးဟု ​တွေးထင်မိကြလိမ့်မည်။
သို့​သော် အမှန်တွင်ကား သူ့တွင်ဖြစ်ခဲ့ပြီ။

"မင်းက အရူးလား"

တိုးတိုးညှင်းညှင်းကျိန်ဆဲသံဟာ သူ၏ရင်ထဲ အဟုတ်ကိုတိုးဝင်လာခဲ့၏။

အနက်​ရောင် အဝတ်စ​ဖြင့် ဖုံးအုပ်ထား​သော​ကြောင့် အနက်​ရောင်မျက်ဝန်းတို့ကိုသာ ​တွေ့ရသည်ကိုပင် ထိုမျက်ဝန်းတို့ထံမှ အကြည့်မလွှဲနိုင်​။ မြင်ခွင့်ရ​သော မြင်ကွင်းကိုသာ လွတ်ထွက်သွား​တော့မလို စူးစိုက်ကြည့်​နေခဲ့တဲ့ သူဟာ အထိန်းအချုပ်မဲ့​နေခဲ့ခြင်း။

ထူထဲကာ သွယ်တန်း​နေ​သော မျက်ခုံးတို့ဟာ တွန့်ကျိုးစွာဖြင့်။
ရှည်လျားလွန်းတဲ့မျက်​တောင်စိတ်​များအောက်က ​မှေးကျဥ်းခြင်းခံထားရ​သော မျက်အိမ်သည်​တော့ သူ့ကို စိတ်ပျက်သလို ကြည့်​နေခဲ့ပါသည်။

ထိုလူသား၏ အစိတ်အပိုင်းများအားလုံးဟာ သူ့ကို​သ​ဘောမကျ​ကြောင်း ထင်ထင်လင်းလင်းကို​ဖော်ပြ​နေခဲ့ခြင်း။

ဤသည်ကို သိသည့်တိုင်​အောင် သူဟာလည်း ရူးနှမ်းစွာ သတိကင်းလွတ်လျက်။
​နေရာမှမထ ၊ ​ကျောက်ရုပ်တစ်ရုပ်ကို​နေရာမှချထားလျှင် ချထားသည့်အတိုင်း ရှိ​နေတတ်သလို အပြုအမူများဖြင့်။

အရူးတစ်​ယောက်လို လုပ်ရပ်မှန်း ထင်ရှား​နေ​ပေမယ့် လူကြီးလူ​ကောင်းပီသ​သော လူသားဟာ သူ့အ​ပေါ်တွန်းဖယ်ခြင်း ဖယ်ထုတ်ခြင်း အစရှိ​သောလုပ်ရပ်များကို မပြုခဲ့ပါ​ချေ။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Dove le storie prendono vita. Scoprilo ora