{ အနီရောင်ချောက်ကမ်းပါး }
ညနက်ချေပြီ။
ကောင်းကင်တွင်ကြယ်ပျောက်များထွန်းလင်းလို့ တိမ်ငွေ့များကင်းစင်နေသည်။
ပွဲတော်ရက်မှာ ယခုမှသုံးရက်သာလွန်သေးသောကြောင့်လင်းရောင်ခြည်ဟာအပြည့်အဝဖြာလျက်ရှိတုန်း။တောင်ကုန်းအလယ်ပိုင်းရှိမြို့မှလာသောအလှပွဲလင်းရောင်များကားလည်းထွန်းလင်းကောင်းဆဲမို့ ချူဝန်းတစ်ခွင်တွင်လင်းရောင်ခြည်မှိန်သွားခြင်းရှိမနေ။
ထို့ကြောင့် တိတ်ဆိတ်နေတတ်သောနန်းတော်ကုန်းမြင့်ကြီးတစ်ခုလုံးသည် မြို့၏အရောင်အဝါအကူအညီကြောင့်အသက်မဲ့သည်အထိရှိမနေတော့ပေ။
ထိုအချိန်တွင် တောအုပ်ဟုဆိုလို့ရသော ဝါးရုံပင်များများပြားစွာပေါက်ရောက်သည့်ဘေးတွင်ရှိနေသောအဆောင်ငယ်လေးတစ်ခုသည်လည်း ရေနံဆီမီးရောင်မှိန်ပြပြဖြင့်နွေးနွေးထွေးထွေးရှိနေသည်။
နန်းကုန်းမြင့်၏အခြားနေရာများသည် ခမ်းနားကာကျော့ရှင်းနေတတ်ပါသော်လည်း ထိုနေရာကတော့ထောင့်စွန်းရှိအဆောင်မို့ ဝါးရုံတော၏အုပ်မှိုင်းမှိုင်းအရောင်အဝါကြောင့်အနည်းငယ်မျှနွမ်းလျလျ။ သို့သော်အေးချမ်းသည့်ဟန်ရိပ်ရှိသည်မို့နေချင့်စဖွယ်ဖြစ်သည်။
လေတစ်ချက်လောက်များတိုးဝှေ့တိုက်လိုက်ပါလျှင် ပွတ်တိုက်ရှဲရှူးတတ်သောဝါးရွက်နုများနှင့်ဝါးပင်ရိုးများကြောင့် ထိုနေရာတွင်ဂီတသံမလို။ အဖော်ပြုပေးသောတောအုပ်ရှိနေသဖြင့်အထီးကျန်ဆန်ဟန်လည်းမရပါ။ ဒီအတိုင်း ဆိတ်ငြိမ်နေရုံရှိတတ်လေသည်။
ငှက်ကလေးများအိပ်တန်းတက်သကဲ့သို့ပင် ညဝင်ပြီဖြစ်သဖြင့်လူတို့အတွက် အထူးသဖြင့် ငှက်သိုက်တစ်ခုနှင့်တူသောနန်းတော်အသိုက်အမြုံကြီးမှလုပ်သားတို့အတွက်လည်းအိပ်ချိန်တန်ပြီဖြစ်သောကြောင့် အခြားနန်းဆောင်များတွင်မူမီးများမှိတ်သွားခဲ့ပြီမှာကြာလှချေပြီ။ သို့သော်အခန်းအချို့ရှိသောအနှီအဆောင်ငယ်၏အခန်းများ၌မူ မီးခွက်တစ်ခွက်ဆီထွန်းထားသေး၏။
YOU ARE READING
|| အနီရောင်ချောက်ကမ်းပါး-红悬崖 ||
Fanfictionချစ်ခြင်းတရားတို့မည်သည် အနီရောင်အသားအနားရှိလေ၏။ ချစ်ခြင်းတရားတို့မည်သည် အနီရောင်ရှိအသားအနားရှိလေ၏။ 红悬崖ဟုခေါ်သည်။ Zsww Historical Fanfiction Warning: May be M-perg ခုလိုfic coverလှလှလေးကိုဆွဲပေးတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးအများကြီးတင်လိုက်ပါတ...