အခန်း ၄ |အခန္း ၄

1K 154 21
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

ပြန်လည်ပြင်ဆင်ဆဲကာလမို့ ချူမြို့​တော်ကြီးသည် ခါတိုင်းထက်အသက်ဝင်လျက်ရှိသည်။ ပျက်ဆီးသွားသည့် အိမ်​တော်များ ဆိုင်ခန်းများအားလုံးမှာ ပြန်လည်တည်​ထောင်​နေရသည်မို့ ချူမြို့သူမြို့သားများအားလုံးမှာ မအားလပ်ကြ။

ပြန်လည်ပြုပြင်​နေသည့် ဆိုင်ကိုကြီးကြပ်​ရင်းဖြင့်လည်း​ကောင်း၊ ငလျင်ဒဏ်​ကြောင့် စီးပွား​ရေးလုပ်ငန်းများရပ်တန့်ကုန်သဖြင့် စားနပ်ရိက္ခါပြတ်​တောက်မှုအတွက် ဒုက္ခ​ရောက်​နေကြ​သော လက်လုပ်လက်စားပြည်သူတို့အတွက် ဆန်အိတ်များ​​ဝေ​ပေးခြင်းဖြင့်လည်း​ကောင်း ဝမ်သခင်​လေးသည်လည်း အလုပ်ရှုပ်လို့​။

"သခင်​လေး ကျန်းမာချမ်းသာပါ​စေဗျာ...​နောင်လည်းဒီ့ထက်မက ပိုမိုလှူဒါန်းနိုင်ပါ​​စေ"

"ဝမ်သခင်​လေး အသက်ရှည်ပြီး ​​အေးချမ်း​သောဘဝကို ပိုင်ဆိုင်ရပြီး ပျော်ရွှင်နိုင်ပါ​စေကွယ်"

"ငါတို့ရဲ့ဝမ်သခင်​လေးကွ! ကျွန်​တော်တို့အတွက် အမြဲရှိ​နေ​ပေးလို့ ​ကျေးဇူးတင်ပါတယ် သခင်​လေး​ရေ"

လှူဒါန်းမှုအတွက် ​ကျေးဇူးအထူးတင်ကာ ဆုမွန်​ကောင်းများ​တောင်း​ပေးသွားသည့် လူများရှိသကဲ့သို့

"​သြော်...ဆန်လှူတယ်ဆိုလို့ လှည်းပါသယ်လာတာ ၂ပြည်တည်းတဲ့လား။ တကယ်ပါပဲ​တော်..လာရတာနဲ့မကာမိ"

ဤမျှလှူဒါန်းသည်ကို မ​ကျေနပ်နိုင်သည့် ​ကြီးကျယ်​သောလောက၏ လူ​အမျိုးမျိုးထဲက လူတစ်မျိုးကိုလည်း​တွေ့ရ​လေသည်။

ဤကဲ့သို့ အစာ​ရေဆာရှားပါးသည့် အချိန်အခါတွင်ဝယ် ဆိုင်အတွက်သိမ်းထား​သော ဂို​ထောင်​ကိုဖောက်ပြီး ဝမ်သခင်​လေးလှူဒါန်းနိုင်သည်က မိသားစုတစ်စုအတွက် ၂ပြည်ပါဆန်အိတ်များမျှသာ။ ထို့​ကြောင့် ​မျှော်လင့်တကြီး​အ​ပြေးလာသည့် လူအချို့၏ စိတ်ပျက်မှုများကိုလည်း သေချာပေါက်ကြုံ​တွေ့ရ​လေခြင်းပင်။

"ဟ...ဘာစကားလဲဗျ! မလိုချင်မယူသွားနဲ့...ဘာကိုလာ​စော်ကား​နေတာလဲ!"

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now