အခန်း ၁၂ |အခန္း ၁၂

969 130 38
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

​​အေးစက်​သော​လေသည် သူ၏တစ်ကိုယ်လုံးကိုဖြတ်တိုက်သွားပြီး စူးရှမှုကိုကျန်​ရစ်စေခဲ့သည်။

​အားပါ​သော သယ်​ဆောင်မှု​ကြောင့် ​သူ့အဝတ်အထည်များအပါ၊ သူ့စီး​နှောင်ထား​သော ဆံနွယ်​တွေဟာလည်းအလွင့်။ ထို့အတူ သူ​ကျော​ပေးလို့ရပ်ထား​သော အ​နောက်ပါးမှအနက်​ရောင်ပဝါပါးသည်လည်း အရှိန်ပြင်းပြင်း​လေလွင့်သွားတာမို့ နူးနူးညံ့ညံ့ပဝါပါးအစသည် သူ၏မျက်နှာပြင်တစ်​လျှောက်ပွတ်ဆွဲကာဖုံးလွှမ်းသွား​လေသည်။

ရုတ်တရက်မို့ ချက်ချင်းမကြည့်နိုင်လိုက်။ လျှပ်တစ်ပြက်မြင်လိုက်ရသည့်အရာသည် တင်းတင်း​စေ့ထား​သောနှုတ်ခမ်းပါးတစ်စုံနှင့် သူ၏ရင်ကို​'ဖျောက်'ခနဲမြည်သွား​စေ​သော အစက်က​လေးတစ်စက်သာ။

ဤမျှကပင် လှရက်လွန်းသည်။ စွဲမက်ဖွယ်​ကောင်းလွန်း​ပေသည်။

ဤမျှတင့်တယ်​သောသူသည် မည်သူနည်း?

ပဝါပြန်အကျ၌ မြင်ခွင့်ရ​တော့မည်ဟု​တွေးထင်ရင်း စိတ်လှုပ်ရှားသွားရ​ပေမယ့် မျက်ဝန်းတို့ထက် အုပ်မိုးရောက်ရှိလာသည့် ခပ်​နွေး​နွေးလက်တစ်စုံ​ကြောင့် ဘာမှသိခွင့်မရှိလိုက်။ မြင်လိုက်ရသည်မှာအ​မှောင်ထုချည်း။

ယခုမူသူသည်ထိုသူနှင့် တစ်မိုး​အောက်ထဲရပ်​နေသည်။ သို့​သော်မြင်ခွင့်မရှိ။ ထို့အပြင် ဝမ်ရိ​ပေါ်သည် ထူးခြား​သောထိ​တွေ့မှု​အောက်တွင် ​ကြောင်အ​နေခဲ့၏။

"သခင်​လေး!"

နားထဲရှိုးယွမ်၏စိုးရိမ်တကြီး​အော်သံကိုကြားလိုက်ရသည်မှာ ပဝါ​အောက်ထဲသူဝင်သွား၍ဖြစ်မည်ဆိုတာအ​သေအချာပင်။

​ကြောင်အ​ကာငြိမ်နေမိခဲ့တဲ့ ဝမ်ရိ​ပေါ်လည်း တစ်ချိန်လုံးသတိလက်လွတ်ဖြစ်​နေခဲ့​ပေမယ့် ရှိုးယွမ်ရဲ့အသံ​​နောက် သတိ​တော့ပြန်ဝင်လျက်သားပင်။

သို့​သော် ​နောက်ကျသွားသည်လားမသိပါ။ မျက်နှာ​ပေါ်ကလက်တစ်စုံကိုဖယ်ချပြီး ထွက်ခွာဖို့ကြံစဥ်တွင် ရိ​ပေါ်ကိုလက်​မောင်းတစ်ဖက်မှချုပ်ဆုပ်ကိုင်လာရင်း အ​နောက်သို့ သုံးလှမ်းမျှလှစ်ခနဲဆုတ်သွားသူ​ကြောင့် ရိ​ပေါ်လည်းမရုန်းနိုင်ဘဲပါသွားရ၏။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Où les histoires vivent. Découvrez maintenant