အခန်း ၂၂| အခန္း ၂၂

675 63 11
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }

နန်းစည်တီးသံနှင့်အတူဝင်လာ​သူကား ​ငွေမှင်​ရောင်ဝတ်ရုံတလွင့်လွင့်နှင့်။
ပိတ်သားဖိနပ် ပိုးဖိနပ်မဟုတ်ပါဘဲ သံချပ်ကာတို့ဖြင့်စီရင်စီမံထား​သောစစ်ဖိနပ်​ကြောင့် ညီလာခံခန်းမထက်သို့တင့်တင့်တည်တည်ဖြင့်မာရည်​ကြောရည်အပြည့်ရှိ​စွာနင်းချ​သော​ခြေလှမ်းသံမှာ ခါတိုင်း၏နူးညံ့သည့်ပုံစံနှင့်တခြား...သန်မာ​နေသည်မှာယခုမှစစ်သူကြီးတစ်​ယောက်၏ပုံစံကဲ့သို့မျိုးပင်။

ရှင်ဘုရင်စံမြန်းရာနန်းပလ္လင်စင်မြင့်​​ရှေ့သို့​ရောက်​သောအခါ ဒူး​ထောက်ရင်းမျက်နှာဖုံး​အောက်မှစူးရှရှမျက်လွှာများကိုချသည်။ ထို့​နောက် ရွှေဦး​ဆောင်းလှုပ်လီလှုပ်လဲ့​အောက်မှ မိမိအားမမြင်သလိုစိုက်ကြည့်​နေ​သောဘုရင်မင်းမြတ်အား ဦးကင်းချွတ်ဂါဝရပြု​လေသည်။

"ကျွန်​တော်မျိုးပေထန်​မော့ရန် အရှင်မင်းကြီးကိုအနီးကပ်ခစားရန်အတွက်ပြန်ရောက်ခဲ့ပါပြီ"

"​စစ်သူကြီး​ပေထန်​မော့ရန်သည် ​​တောင်ပိုင်းမှ​ရေကာတာအတွက်ကိစ္စများကိုကောင်းစွာစီမံနိုင်ခဲ့သည်။ အ​ရှေ့အရပ်မှသီးခြားဖြစ်​နေ​သောမြို့ရွာများကိုပြန်လည်စုစည်းနိုင်ခဲ့သည်။ အ​နောက်အရပ်မှကျူး​ကျော်လာသူနယ်ချဲ့များကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့သည့်အတွက် ပတ္တမြားနှစ်ကျင်းနှင့်ကျောက်စိမ်းပိုးခက်ဓါးအိမ်ကိုချီးမြှင့်​တော်မူ​စေ အမိန့်​တော်!!!"

ချီးမြှင့်​ရေးအမတ်မှ မင်းမိန့်လွှာ​ရွှေသဝဏ်လွှာကို ရွတ်ဆိုသရစယ်ပြီး​နောက် ​စစ်သူကြီး​ပေထန်​မော့ရန်အား ​ရွှေသဝဏ်လွှာကိုအပ်နှင်း​လေ၏။

ထိုအဖြစ်ကို​​​တော့အမတ်​​ပေါင်းများစွာမှာ ကြည့်ရင်းခပ်ပြုံပြုံး။

​​​​​ထိုစစ်သူကြီးမော့ရန်သည်ထိုသဝဏ်လွှာအားမ​ကောင်းတတ်လို့သာယူလိုက်ရ​သော်ငြား စိတ်ထဲ၌​တော့အမှန်တကယ်တင်းကြပ်ကြပ်ဖြစ်​​နေ​လောက်မည်မှန်း သူတို့သိ​နေကြ၍ပင်။ ဟုတ်သည်။ ကိစ္စများကိုအလုံးစုံသိနေ​သောအခါသူတို့ရယ်ခိုးနိုင်ကြ​လေ၏။
အဘယ်​ကြောင့်နည်းဟု​မေးလာလျှင် ​ဖြေရမည်ကားလက်သည်တရားခံကသူတို့ဟုဆိုရ​မည်ပင်။ ဟုတ်​ပေသည်။

Hai finito le parti pubblicate.

⏰ Ultimo aggiornamento: Jun 02 ⏰

Aggiungi questa storia alla tua Biblioteca per ricevere una notifica quando verrà pubblicata la prossima parte!

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Dove le storie prendono vita. Scoprilo ora