အခန်း ၁၀ |အခန္း ၁၀

834 119 32
                                    

{ အနီ​ရောင်​ချောက်ကမ်းပါး }


နံနက်ခင်း၏သာယာမှုသည် ​​လောကဓါတ်တစ်ခွင်ကိုလန်းဆန်း​​စေသော်လည်း ​သောကများဖြင့်ပြည့်​နေ​သော ​လူတို့၏ရပ်ဝန်းကို​တော့ကြည်သာ​အောင်မစွမ်း​ဆောင်နိုင်ပါ။

နံနက်​စော​စော​ဖြတ်တိုက်လာသော စူးရှရှ​လေ​အေးများသည် ကိုယ်ကိုသာချမ်းစိမ့်​စေ​နိုင်သည်။ အဆုံးမရှိသည့်လူ့စိတ်များကို​ အေးချမ်း​အောင်​တော့စွမ်း​ဆောင်နိုင်ခြင်းအလျင်းမရှိပါ​ချေ။

အရုဏ်ဦးစအချိန်ပင်ရှိ​ပါ​သေးသည်။ ​​ရွှေဝါ​ရောင်​နေမင်းကြီးလည်း အပြည့်အဝထွက်ပြူလာ​ခြင်းမရှိ​သေးသလို ​လောကဓါတ်တစ်ခွင်လုံးမြူခိုး​ငွေ့​တွေအကြား ​လှောင်ပိတ်ခံ​နေရချိန်တွင်ပင်။

ဖြူလွှလွှကိုယ်ငယ်သည် နံနက်ခင်းလုပ်​ဆောင်ဖွယ်များကိုကျင့်သားအတိုင်း​ဆောင်ရွက်ရင်း အလုပ်ရှုပ်လို့ရှိ​​နေသည်။

အ​အေးဓါတ်​ကြောင့် အဖြူထင်းထင်းအသားအ​ရေမှာ အ​ရောင်​လျော့​လျက်ရှိနေပြီး ပန်းနု​ရောင်နှုတ်ခမ်းပါးများကြားမှ​ ရေ​ငွေ့တို့ကအပြင်သို့ရှိုက်ထွက်​နေ၏။

"သခင်​လေးကလည်း..ကျွန်​တော်​ရေ​နွေးတည်​ပေးမယ်​ပြောတာကိုဗျာ"

"ရပါတယ်...ဒီ​လောက်က​တော့ ငါသည်းခံနိုင်ပါ့"

"သိ​ပေမယ့်..."

"ထား​တော့...အဝတ်သာအသင့်သွားပြင်​ထားချေ"

ခါတိုင်းထက်​စော​စောထတဲ့သခင်​လေး​ကြောင့် ရှိုးယွမ်သည် နိစ္စဓူဝကိစ္စရပ်တို့ကိုကြိုတင်ပြင်​ပေးဖို့ အချိန်မရှိလိုက်​ပေ။ ​ဆောင်းတွင်းမ​ရောက်​သေး​သော်လည်း ​ခဲ​ရေ​တွေအလား...ထိလိုက်တာနဲ့စူးခနဲကျဥ်တတ်သွား​အောင် စွမ်း​ဆောင်နိုင်သည့် ​ရေ​တွေနဲ့ သခင်​လေးက​ချိုး​ရေပြင်ဆင်​နေသည်မှာ စိတ်မ​ကောင်းဖွယ်ရာပင်။ သခင်​လေးကအ​အေး​ကြောက်သူဖြစ်​ကြောင်း သူက​ကောင်းစွာသိပါသည်​လေ။

​ရေ​နွေးတည်​ပေးမည်ဖြစ်​ကြောင်း ခဏ​လေး​စောင့်​စေလို​ကြောင်း​ပြော​သော်လည်း လက်မခံ။ သူ့ကိုပထုတ်လွှတ်ပြီး ဆက်ပြင်ဆင်​နေသည့်သခင်​လေး​ကြောင့် ရှိုးယွမ်သက်ပြင်းချလို့ ခိုင်းသည့်အတိုင်း ယ​နေ့အတွက်အဝတ်တို့ကို ကြိုသာထုတ်​ပေးထားလိုက်​တော့သည်။

|| အနီ​ရောင်ချောက်ကမ်းပါး-红悬崖 || Where stories live. Discover now