အခန်း * ၁၇၁ - ၁၇၅ *

1.2K 74 2
                                    

ဆရာလု စိတ်ဆိုးနေပြီ

ဟင့်အင်း မဟုတ်သေးဘူး ။ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ဘူး။

ခုလိုဆို လေးကြိမ်မြောက်ပဲ

ပထမအကြိမ်မှာ "အချိန်တွေလွန်သော်" မှာ ဒုတိယဇာတ်လိုကခမင်းသမီးနေရာကို ချောင် က ခိုးယူခဲ့ပြီးပြီ။

ဒုတိယအကြိမ်ကျတော့ လုက သူမကို ဖျက်ဆီးရန် အရှုပ်တော်ပုံတွေကို ထုတ်ဖော်ပြသခဲ့သော်လည်း အဲဒါတွေက ချောင့်ကို အထောက်အကူပေးခဲ့သည်။

တတိယအကြိမ်ကတော့ သူမရဲ့ အိမ်မက်ဖြစ်တဲ့ ရိူးပွဲမှာ ဧည့်သည်သရုပ်ဆောင်နေရာကို ခိုးယူခံလိုက်ရတာပဲ ။

စတုတ္ထနေ့မြောက်နေ့က ဒီနေ့ပဲပေါ့။

သူမက လူတစ်ယောက်လက်အောက်မှာ လေးကြိမ်ဆက်တိုက်တောင် ရှုံးခဲ့ရသည်။

ထို့အပြင် သူမ ယနေ့ ရိုက်ကူးရေးမှာ မှားခဲ့တဲ့ ပမာဏအတိုင်း သူမဟာ ရုပ်ရှင်လောကရဲ့ ညစာစားပွဲတွင် သူမဟာ မြို့ရဲ့အတင်းတုပ်စရာ ဖြစ်လာမည်ကို ကြောက်ရွံ့ခဲ့သည်။

ပိုလေးလေးနက်နက်နဲ့ လင်ရှီးရီ သူမအကြောင်းကို ပိုတွေးလေလေ သူမ ရင်ထဲမှာ ပိုခံစားလာလေလေပါပဲ။

နောက်ဆုံးတော့ သူမ သွားတွေကို အံကြိတ်ရင်းပဲ အမြန် ထွက်ပြေးသွားခဲ့​၏ ။

သူမ ဘယ်ကို ဦးတည်သွားနေမှန်း မသိပေမယ့် အဆုံးကို ရောက်တဲ့အခါမှာတော့ မြက်ခင်းပြင်တစ်ခုကို တွေ့လိုက်ရပြီး တစ်စုံတစ်ခုအတွက် အလုပ်ရှုပ်နေကြတဲ့ လူတစ်ချို့ကို တွေ့လိုက်ရသည်။

လင်ရှီးရီ ထိုလူများကို မသိခဲ့။

သူတို့ကတော့ ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများဖြစ်ကြမှန်းတော့ သူမရိပ်မိသား။

သူမ ခဏတဖြုတ် စောင့်ကြည့်ပြီး လှည့်ထွက်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန် အဲဒီလူတွေက သူတို့လုပ်နေတာတွေကို ပြီးဆုံးသွားခဲ့အချိန်။

ဘာပဲဖြစ်ဖြစ် လင်ရှီးရီက ပထမအဆင့် နာမည်ကြီးတစ်ယောက်ဖြစ်နေတုန်းမို့ လူတွေက သူမကို အသိအမှတ်ပြုကြစမြဲ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now