အခန်း ၉ - ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးကို အိမ်ပြန်ခေါ်မယ်

8.1K 850 20
                                    

လုကျင်းညန်ဆီမှာ အလုပ်လုပ်တာနှစ်ကြာခဲ့ပြီဖြစ်တာကြောင့် သူ့လက်ထောက်ဟာဆိုရင် သူ့ဆရာရဲ့ မျက်နှာပေး မျက်နှာထား အသေးအဖွဲတွေကိုကြည့်ပြီး သူ့စိတ်ကို ဖတ်၍အဓိပ္ပါယ်ဖော်နိုင်လေသည်။

သူ့နူတ်ခမ်းကို တင်းတင်းရင်းရင်းကိုက်ပြီး အံကြိတ်ထားတဲ့ဘယ်အချိန်မဆို သူစိတ်မကြည်နေခဲ့ပါ။

ဒါပေမယ့် ညစာစားပြီးတုန်းကတောင် အကောင်းကြီးရှိပါသေးသည်။ အခုကျမှ ဒီလိုမျိုးပြောင်းလဲသွားတာလဲ? တစ်ခုခုဖြစ်ခဲ့လို့များလား?

သူသံသယဖြစ်နေခဲ့ပေမယ့် အဲဒီအကြောင်းနဲ့ပတ်သက်ပြီး မေးဖို့လုံလောက်တဲ့ သတ္တိမရှိခဲ့ပေ။

"ဆရာ လု ... လေဆိပ်ကိုပဲ တန်းမောင်းပေးရမလား?" ဟူ၍ ချိုသာသောအသံဖြင့် မေးပြီး တည်တည်ငြိမ်ငြိမ် ကားမောင်းခဲ့သည်။

လုကျင်းညန်နူတ်ဆိတ်နေ၏ ။ တိတ်ဆိတ်မှုက ကားကို ယှက်သန်းစေခဲလသည်။

လုကျင်းညန်တွင် အခြားသူများအနားမကပ်နိုင်အောင် တားမြစ်ထားသည့် အေးစက်စက်နိုင်လွန်းသော ပင်ကိုယ်စရိုက်ရှိ၏ ။

ထိုအခိုက်အတန့်၌ ကားထဲက အခြေအနေသည် အသက်ရှူရခက် မွန်းကျပ်နေပြီး အောင့်အည်းသည်းခံထားရသဖြင့် ပါးစပ်မှလေများ မူတ်ထုတ်နေခဲ့သည်။

လက်ထောက်ဟာ ကြောက်ကြောက်လန့်လန့်ဖြစ်လျက် လမ်းမပေါ်ကိုသာ အာရုံစိုက်ပြီး ဘာစကားမှမပြောဘဲ ရှေ့တည့်တည့်သာ ကားမောင်းနေခဲ့၏ ။

ကားဟာ လမ်းသွယ်နှစ်ခု၊ သုံးခုကိုမောင်းနှင်ပြီးတဲ့နောက်မှာ စောစောကကြည်လင်နေတဲ့ ရာသီဥတုက ရုတ်တရက်ပြောင်းလဲသွားပြီး မိုးစရွာတော့သည်။

လက်ထောက်ဟာ စိတ်တည်ငြိမ်အောင်နေပြီး စကားထပ်ပြောလျက်။

"မိုးရွာနေပြီ"

သူစကားပြောခဲ့ပြီး ခဏလေးတင်မှာ မိုးသည် ကျယ်လောင်၍စည်းချက်ကျသော 'ပေါက်' ဟူသည့်အသံများထွက်လာသည်အထိ မိုးဖြိုင်ဖြိုင်ရွာသွန်းခဲ့တော့သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now