ချောင်အန်းဟောင် ဖုန်းကို နေရာတကျပြန်မထားခင် ဓာတ်ပုံလေးကို save ထားလိုက်သည်။သူမခေါင်းစောင်းလိုက်၏ ။ သူမနောက်က သူ့ကိုကြည့်နေမိသည်။
လုကျင်းညန်၏ အိပ်နေသည့်ပုံစံမှာတောင် လူတကာနှင့် အရောတဝင်ဆက်ဆံရသည်ကို မုန်းသည့်ဟန်ရှိနေသလိုပင် အထီးကျနိဆန်နေသည့်ဟန်လည်း ပေါ်လွင်နေ၏ ။
သူ့မျက်နှာကို သူမ ငြိမ်ငြိမ်သက်သက်လေးနေလျက် အချိန်တစ်ခုအကြာအထိ ငေးကြည့်နေမိသည်။
ပြီးလျှင် သူ့မျက်နှာကို ကြင်နာစွာ ပွတ်သပ်လိုက်သည်။
ထို့နောက် ကြီးမားသော တုန်လူပ်မှုတစ်ခုသည် သူမ၏ လက်ဖျားထိပ်မှစတင်ကာ သူမ၏ နှလုံးအခန်းများတွင်းသို့ ဖြတ်သန်းသွားသည်။
သူမရဲ့ နှလုံးသားတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ခုန်လာတော့သည်။
ယခုအချိန်သာ လုကျင်းညန် နိုးလာခဲ့လျှင် သူမ ဘာလုပ်၍ ဘာကိုင်ရမှန်း သိမည်မဟုတ်ပေ။
အိပ်မွေ့ချထားခြင်းခံရသကဲ့သို့ သူမမိန်းမောလာသည်။
တကယ့်လက်တွေ့ဘဝတွင် လုကျင်းညန်သည် သူမဆီသို့ ကံကြမ္မာစေညွှန်ရာအရသာ ရောက်လာခဲ့၏။
သူတို့နှစ်ဦးသည် နှလုံးသားချင်းတင်မက လူချင်းပါမနီးစပ်ခဲ့ဘဲ ကမ္ဘာခြားနေခဲ့သည်။
လုကျင်းညန် နှင့်ပတ်သက်သည့် ခံစားချက်များကို သူမ စတင် တွေးလာသည်။
သူမအနေဖြင့် သူ့ကို ၁၃နှစ်ဟူသော ကာလာရှည်ကြာငည်အထိ တစ်ဖက်သတ်အချစ်ဖြင့် တိတ်တခိုးချစ်နေခဲ့ရသည်မှာ တကယ်တမ်း မလွယ်ကူလှချေ။
၁၃နှစ်အရွယ် အပျိုပေါက်ဆယ်ကျော်သယ်မိန်းကလေးအရွယ်မှ ၂၆ နှစ်အရွယ်ရောက် အမျိုးသမီးတစ်ဦးဖြစ်တဲ့အချိန်ထိ လုကျင်းညန်တစ်ယောက်အပေါ်သာ အစဉ်ချစ်ခင်၍ သစ္စာရှိခဲ့လေသည်။
နောက်ပြန်ဆုတ်ခြင်းမရှိခဲ့ဘဲ သူ့တစ်ယောက်ထဲကိုသာ သူမ၏ချစ်ခြင်းမေတ္တာအားလုံးကို ပုံပေးထားခဲ့၏ ။
ဤကဲ့သို့သော နာကျင်စရာများဖြင့် ပြည့်နှက်နေခဲ့သည့် တစ်ဖက်သတ်အချစ်အကြောင်း သူမတွေးမိတိုင်း သူမရဲ့မျက်ဝန်းနှစ်ဖက်မှ မျက်ရည်စများစွာကား အဆီးအတားမရှိ ကျဆင်းလာစမြဲ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...