ချောင်အန်းဟောင်အနေဖြင့် လုကျင်းညန် သူ၏ဖုန်းကို တစ်ခါတစ်ခါ အသံတိုးတိုးဖြင့်သုံးနေသည်ကို ရှင်းရှင်းလေးလေး ကြားနေရသည်။
အချိန်ကြာသွားပြီးနောက် သူ့ဖုန်းကို Lock ချလိုက်၏ ။ လုံးဝတိတ်ဆိတ်နေသော အခန်းထဲသို့ လျို၍ဝင်လာသည်။
သူ့ရဲ့အသက်ရှူထုတ်သံများ ကြားနေရသည်ထိကို တိတ်လွန်းနေပေသည်။
ချောင်အန်းဟောင် အလျင်အမြန် လဲအိပ်ခဲ့သည်။
သူမ သက်တောင့်သက်သာ ဖြစ်မနေသည့် အနေအထားတွင် ရှိခဲ့သော်လည်း သူမမလူပ်ခဲ့ပါ။
သက်တောင့်သက်သာဖြစ်အောင် အခြားနေရာပြောင်းလှည့်အိပ်တာတောင် ဂရုစိုက်ပြီး လှည့်အိပ်ခဲ့သည်။
အခုလောက်ထိ သေချာသတိထားအိပ်နေတာတောင် လုကျင်းညန်ကို အနှောင့်အယှက်ပေးသလို ဖြစ်နေသေး၏ ။
လုကျင်းညန် ဒေါသအိုးပေါက်ကွဲပြီး ရုတ်တရက် အားပါပါနှင့် ဘေးစောင်းလှည့်အိပ်သွားသည်။
သူထိုကဲ့သို့ ဘေးလှည့်သွားသည့်အတွက် သူမ လန့်သွားရုံမက တုပ်တုပ်ပင် မလူပ်ရဲတော့ပေ။
လုကျင်းညန် စိတ်မကြည်နေသည့်အနေအထားထဲမှာ ရှိနေ၏ ။
အကြောင်းတစ်ခုခုကြောင့် သူ့ကိုဒေါသထွက်စေနေဘိသကဲ့သို့ (ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်) လူးလွန့်နေသည်။
သူလုပ်နေသမျှကို အာရုံရောက်နေသောကြောင့် သူမလည်း အိပ်မပျော်တော့ပါ။
ရုတ်တရက်ဆိုသလို ထ ထိုင်လိုက်၍ သူ့စောင်ကို ဆောင့်ဖယ်လိုက်တော့သည်။
ချောင်အန်းဟောင်ခမျာ သူ့ကို ဖိတ်ဖိတ်တုန်အောင် ကြောက်နေရှာသည်။
မျက်လုံးများ မဖွင့်ရဲသည်အထိပင်။ လူပ်လည်း မလူပ်ရဲတော့။
ခြေသံများ ၊ မီးညှိနေသည့်အသံများကို ရေးတေးတေးကြားနေရ၏ ။
ဖြည်းဖြည်းချင်း ဆေးလိပ်ဖွာသည့်အနံ့များက တစ်ခန်းလုံးပျံ့လာခဲ့တော့သည်။
သူမ မှတ်မိသလောက် လုကျင်းညန်က ဆေးလိပ်သောက်တတ်သည့်သူ မဟုတ်ပေ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...