လူငယ်ဘဝရဲ့ ပုံရိပ်များ
မျက်ရည်များက သူမပါးပြင်ထက် စီးကာကျကာ...။"ငါ ဘယ်သူ့ကိုကြိုက်ကြိုက်၊ အဲဒီလူက ဘယ်တော့မှ မင်း မဟုတ်ဘူး" ဆိုသော အဲဒီစကားက အိမ်မက်ဆိုးတစ်ခုလိုပင်။
ဘယ်တော့မှ မင်း မဟုတ်ဘူး.....
ထိုအခိုက်အတန့်မတိုင်ခင်ကာလများမှာ သူမ အလယ်တန်းကျောင်းသူဘဝကနေ တက္ကသိုလ်ကျောင်းသူဘဝထိ.... သူ့အတွက် ၈နှစ်လုံးလုံး အချိန်ပေးဆပ်ခဲ့သည်။
သူ့ကို ချစ်ခဲ့သည်။
သူ့အတွက် အသားကုန် ကြိုးစားခဲ့သည်။
သူ့အတွက်ဆို ပေါက်တတ်ကရတွေလည်း လုပ်ခဲ့သည်။
သူ့ကို အိမ်မက်ထဲ မက်ခဲ့သည်။
သူ့အကြောင်း တွေးခဲ့သည်။
သူမရဲ့ စိတ်ဝိညာဉ်တစ်ခုလုံး သူ့ဘဝကို ပုံအောခဲ့သည်။
ဒီလူ.... သူမ ရဲ့ တန်ဖိုးရှိသောရှစ်နှစ်တာကာလ ပေးဆပ်ထားခဲ့သော ဒီလူ...
ဒီလူ...သူမကိုပြောလိုက်သည်က...
သူဘယ်သူ့ကြိုက်ကြိုက်၊ အဲဒါက သူမမဟုတ်ဘူး...။
သူမရဲ့ တစ်ဖက်သတ်အချစ် ခံစားချက်များအားလုံး သဲထဲရေသွန်ပင်။
ထိုနေ့ကစ ယနေ့ထိ သူမအချစ်များက လျို့ဝှက်နယ်မြေအတွင်းသာ တည်ရှိတော့လျက်။
သူ့ကို စရှောင်ခဲ့သည်။
ရှီကြားမူထံကသာ သူ့ကောင်းကြောင်းများကြားခဲ့ရသည်။
ဟွမ်းယဉ် ကုမ္ပဏီကို ဝယ်ခဲ့သည်.... အကောင်းဆုံးသရုပ်ဆောင်ဆုများရခဲ့သည်....
ရှီကျားမူက သူမကိုမပြောပြခဲ့ရင်တောင် သူမက သူ့အကြောင်းရှာပြီး သိပြီးသားဖြစ်၏ ။
လုသည် ကမ္ဘာသိဖြစ်လာ၏ ။
သူ သူမကို မကြိုက်ခဲ့ဘူးဆိုတာ သတိပြုခဲ့သည်။
သူ့ ပိုစတာများကို မြင်ပြီး စိုက်ကြည့်မိပါက အရင်အကြောင်းများက ပြန်ပေါ်လာတတ်လေသည့်အချိန်တိုင်း သူမ ငိုနေတာကို မရပ်တန့်နိုင်ပါ။ ဝမ်းနည်းမှုကို မထိန်းနိုင်ပါ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...