အခန်း ၂၄ - မင်းကိုဘယ်သူဝင်ခွင့်ပေးလို့လဲ?

6.9K 694 10
                                    


ချောင်အန်းဟောင်မှာ လုကျင်းညန်၏ နောက်ထပ်လူပ်ရှားမှုများကို မတုံ့ပြန်ပဲ ငြိမ်သက်စွာနေနေခဲ့သည်။

မသိစိတ်၏ စေ့ဆော်မှုကြောင့် သူ့ကိုကြည့်ဖို့ သူမခေါင်းကို လှည့်လိုက်လေရာ မိန်းမောတွေဝေကာ ပြုမူလူပ်ရှားနေသော သူ့ကို တွေ့ရလေသည်။

အိမ်မက်တစ်ခုကဲ့သို့ ယောင်ယမ်းကာ ပြုမူနေ၏ ။

လွန်ခဲ့သော ၃ လက အဖြစ်အပျက်သည် ချောင်အန်းဟောင်၏ စိတ်ထဲတွင် တစ်ဖန်ဘွားခနဲ မြင်ယောင်လာခဲ့၏ ။

ထို အချိန်တုန်းက ယခုသူလုပ်နေသကဲ့သို့ မဟုတ်ခဲ့ဘဲ မတော်မဆဖြစ်ခဲ့ခြင်းဖြစ်၏ ။

လုကျင်းညန် နိုးသွားသည့်အခါ သူမကို သတ်ပစ်ချင်လောက်အောင် အလွန်ဒေါသထွက်သွား၏ ။

ထိုမြင်ကွင်းကို မြင်ယောင်မိပြီး ကြောက်ရွံ့စွာ တုန်ရီနေမှုက သူမ၏ သွေးကြောထဲသို့ စိမ့်ဝင်နေခဲ့သည်အထိပင်။

သူမ လုကျင်းညန်ကို တွန်းထုတ်ဖို့ အလိုအလျောက် ရှေ့ဘက်ဆီကိုဘရောက်ရှိခဲ့သည်။

လုကျင်းညန် မျက်မှောင်ကြုတ်သွား၏ ။

သူမလက်များကို ဖမ်းဆွဲလိုက်လျက် သူမကို မရုန်းအောင် ချုပ်ထားသည်။

ချောင်အန်းဟောင် ရုန်းကန်နေခဲ့သော်လည်း ရုန်းလို့ပင်မရတော့ချေ။

သူမ ဆက်မရုန်းနိုင်တော့သည့်အဆုံး လက်လျော့လိုက်၏ ။

သူ သူမနှင့် အိပ်ဖို့ လုံးဝစိတ်မဝင်ခဲ့ပါ။ သို့သော်လည်း အဖျားရှိန်ကြောင့် သူ့ အတွေးများက ရူပ်ထွေးနေလေသည် ။

ထို့ကြောင့် သူမကို သူနှင့်နီးနီးကပ်ကပ် ဆွဲခေါ်ခဲ့ခြင်းပင်။

အကယ်၍များ သူသာ သူမကို လွန်ခဲ့သော သုံးလကဖြစ်ခဲ့သလို ထပ်ပြီး အထင်မှားခဲ့လျှင် ...

ချောင်အန်းဟောင် လမ်းမအောက်ဘက်ကို ဆက်မကြည့်ရဲတော့သည့်တိုင်အောင် အတွေးများ ရပ်တန့်ပစ်လိုက်တော့သည်။

လုကျင်းညန် သူမကို ဖက်ချင်သလိုဖက်နေတာကို ကြိတ်ခံရင်း သူမ၏နူတ်ခမ်းများကို ကိုက်ပစ်၏ ။
...

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now