ဟန်ဝူးကျူးဟာ တကယ်တော့ သူ့သားဟာ တစ်ဦးတည်းသော မိဘအမွေဆက်ခံသူသာဖြစ်စေချင်ခဲ့တာကြောင့် သူမယောကျာ်းရဲ့ မယားငယ်ကမွေးလာတဲ့ သားပေါ်လာတဲ့အခါ လုကျင်းညန်ကို အမွေဆက်ခံသူဖြစ်လာမှာ ထိတ်လန့်ခဲ့သည်။
ထို့ကြောင့် သူတို့လင်မယားဟာ လုအမေကို ပိုက်ဆံတွေ ပုံအောပေးပြီး အဝေးကို နှင်လွှတ်ခဲ့ခြင်းပင်။
လု အမေဟာ သားလေးနဲ့အတူ အဝေးမထွက်သွားချင်လို့ သူတို့ကို အသည်းအသန် ငြင်းဆန်ခဲ့ပြီး ခခယယ တောင်းပန်ခဲ့ပါသေးသည်။
အဆုံးမှာသော ရှီဝမ်လီ အဖေ ( လုဖခင်ရဲ့ အဘိုး) ဟာ လုကျင်းညန်ကို တာဝန်ယူခဲ့လေသည်။
ချွေးမ မတူသော်လည်း လုဟာ သူ့သားက မွေးတာမို့ သူ့သွေးရင်းချာ မြေးဖြစ်နေသေးသည်။
အဘိုးဖြစ်သူဟာ ရှီဝမ်လီ နှင့် မယားငယ်ကို လုအတွက် ရိုးတွင်းခြင်ဆီလှူဖို့ မိဘနှစ်ပါးရဲ့ ရိုးတွင်းခြင်ဆီနဲ့ ကိုက်ညီသလားကို စစ်ဆေးခိုင်းခဲ့ပြီးနောက် ရလဒ်ဟာ ကိုက်ညီမှုမရှိခဲ့လေတော့ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဟာ ရှီကျားမူသာ ဖြစ်၏ ။
ဖအေတူ အမေကွဲ ညီအစ်ကိုနှစ်ယောက်ဟာ ကိုက်ညီမှုရှိခဲ့တာကြောင့် လုလေးအတွက် မျှော်လင့်ချက်ရှိပေ၏ ။
ဟန်ဝူးကျူးကတော့ သူ့သားကို ခွဲစိတ်ဖို့ ငြင်းဆန်ခဲ့ပေမယ့် ယောက္ခထီးက နားချခဲ့လို့သာ လုလေး ခွဲစိတ်မှုအောင်မြင်ပြီး အသက်ရှင်နိုင်ခဲ့သည်။
အဲဒီနောက် လုမိခင်ဟာ လုကိုခေါ်ပြီး ထွက်သွားခဲ့ ၏ ။
လုရဲ့ သွေးတွေထဲမှာ ရှီမိသားစုရဲ့သွေး ပါဝင်ခဲ့ပြီ။
လုအမေဟာ ကလေးမွေးပြီးကတည်းက ရုပ်ရှပ်လောကထဲလည်း မဝင်ရောက်နိုင်ခဲ့သလို သူမရဲ့ပညာရေးဖြင့်လည်း အသက်မွေးမှု မလုပ်နိုင်ခဲ့တာမို့ နိုက်ကလပ်တွင် အလုပ်ဝင်ပြီး ဘဝကို ရုန်းကန်ခဲ့ရသည်။
လုဟာ ညတိုင်းတစ်ယောက်ထဲ အထီးကျန်ခဲ့ရပြီး သူ့မှတ်ဉာဏ်တွေထဲ မိခင်နဲ့ပတ်သက်လို့ အမှတ်တရဆိုသာ အမေ အရက်အမူးလွန်ပြီး အိမ်သာထဲ အန်အန်နေတာကိုပဲ ရှိခဲ့သည်။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...