အခန်း ၂၈ - မင်းကိုဘယ်သူဝင်ခွင့်ပေးလို့လဲ?

6.7K 712 21
                                    

ိချက်ချင်း တုံ့ဆိုင်းမနေဘဲ သူမရဲ့ ပစ္စည်းများကို ပြန်ယူဖို့ တံခါးပြန်ခေါက်ဖို့ လုပ်နေတုန်း စောစောကပိတ်သွားသည့် တံခါးမှာပြန်ဖွင့်လာပြီး သူမရဲ့အးပစ္စည်းများကို ဆက်တိုက်ပစ်ချပေးသည့်အသံများ ထွက်ပေါ်လာတော့၏ ။

ချောင်အန်းဟောင် တုံ့ပြန်ချိန်တောင် မရလိုက်ခင် တံခါးပြန်ပိတ်သွားသည်။

သူမ အိတ်သည် ဇစ်မမပိတ်ထားသောကြောင့် အထဲရှိပစ္စည်းများမှာ ကြမ်းပြင်ပေါ်တွင် ပွစာကျဲနေပေသည်။

သူမ ကြက်သေသေရင်း မတ်တပ်ထသည်။

သူမရဲ့ စိတ်ကိုပြန်စုစည်းပြီးနောက် ဒူးထောက်လိုက်ကာ ပစ္စည်းများကို တစ်ခုချင်းစီ ကောက်ထည့်တော့၏ ။

နူတ်ခမ်းများကို တင်းတင်းစေ့ရင်း လေးလံသော ခြေလှမ်းများနှင့်အတူ အိမ်တော်အား ကျောခိုင်းခဲ့သည်။

လုကျင်းညန် သူ့အခန်းထဲရောက်တဲ့အခါမှာ စားပွဲခုံဘေးနားက ဆေးလိပ်ဗူးကို ယူဖို့အလုပ် အဖျားကျဆေးထုပ် တစ်ထုပ်ကို တွေ့လိုက်သည်။

ချောင်အန်းဟောင် သူ့အတွက် ဝယ်ပေးခဲ့သော ဆေးများပင်။

သူ ဆေးထုပ်ကို ယူပြီး အမှိုက်ပုံးထဲ ပစ်၏ ။

ထို့နောက် ဆေးလိပ်မီးညှိလိုက်သည်။

ပြတင်းပေါက်ဆီ လမ်းလျောက်ပြီး အခိုးအငွေ့များကို ဖြည်းဖြည်းလေးလေး မှုတ်ထုတ်လိုက်လျက် ။

မီးခိုးသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်း စိမ့်ဝင် ရောက်ရှိသွားသည့်အခါ သူ နေသာထိုင်သာရှိသွားပေ၏ ။

ထွက်ခွာနေသော ချောင်အန်းဟောင်၏ နောက်ကျောကို ပြတင်းပေါက်မှ မြင်နိုင်ခဲ့သည်။

သူ့လက်ချောင်းများ တုန်ရီနေသည်။

နောက်ထပ် ဆေးလိပ်ကို ပြင်းပြင်းရှူရိုက်သောက်ရန် ဆေးလိပ်ကို မခဲ့၏ ။

ဆေးလိပ်ကို ဖြည်းညင်းစွာ မှုတ်မထုတ်ခင် သူ့ပါးစပ်ထဲမှာ အခိုးအငွေ့များကို ကျန်ရစ်စေသည်။

ဆေးလိပ်ငွေ့ မီးခိုးထုများ ထွက်ပေါ်လာသည့်တိုင် ကားထဲဝင်နေသည့် ချောင်အန်းဟောင်ကို တွေ့ရသေးသည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now