အခန်း ၈၉

4.6K 500 54
                                    

ငါက မင်းအတွက် ဘယ်သူလဲ?

လုဟာ တီဗွီကိုကြည့်နေပေမယ့် တကယ်တော့ သူ့ဘေးက ချောင့်ဆီပဲ အာရုံရောက်နေပြီး သူမရဲ့ဂဏာမငြိမ် စိုးထိတ်နေမှုတွေကို ခံစားနိုင်ခဲ့သည်။

သူမ ရေခွက်ကို ကိုင်နေရင် အကောင်း။

ရေခွက်ကို ချလိုက်တာနဲ့ တစ်ယောက်ယောက်က ဖိအားတွေပေးနေသလို အသက်တောင် ဝဝမရှူနိုင်ဖြစ်နေခဲ့၏ ။

လုစိတ်ထဲမှာ ချောင့်ကို သူ အနိုင်ယူထားလို့ သူမဒီလိုဖြစ်နေတာကို ခံစားမိခဲ့လျက်။

တီဗွီ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။

ခဏအကြာ ရုတ်တရက် ထပြီး...

"မိတ္တူ ပြီးပြီးလားမသိ။ သွားကြည့်ဦးမယ်"

ထို့နောက် သူထွက်သွားသည်။

လုလည်း အခန်းထဲကထွက်သွားရော ချောင်ဟာ သူမပခုံးတွေအထက်မှာ တောင်ကြီးဖိထားခံစားနေရင်းကနေ ခုတော့ အသက်ဝဝရှူနိုင်လေပြီ။

သူမရင်ဘတ်ပေါ် လက်ဖိထားလျက် သက်ပြင်းလုံးကြီးချခဲ့သည်။

တစ်ကိုယ်လုံးသက်သာသွားပြီး တီဗွီစကြည့်နေခဲ့သည်။

အဲဒီအခိုက်အတန့်မှာပဲ တီဗြီအစီအစဥိတက်ဆက်သူစာ ဟာသပြောခဲ့တာကြောင့် ချောင်ဟာ မရယ်ရဲခဲ့ဘဲ နူတ်ခမ်းကို ဖိထားခဲ့သည်။

စားပွဲခုံနောက်က လုတစ်ယောက် ချောင့်ကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့သည်။

တစ်စက္ကန့်ခွဲ တစ်ခါစီ သူမစီ မျက်စောင်းထိုးကြည့်လိုက် မိတ္တူစက်ကို စိုက်ကြည့်လိုက်နှင့်။

ချောင်က လုပြန်ရောက်လာမယ့်အချိန်ကို ကြောက်နေခဲ့ပြီး ဒီလိုသာဆို ထပ်ဗရမ်းပတာဖြစ်သွားလိမ့်မည်။

ဒါ့ကြောင့် သူမမျက်လုံးတွေကို ပိတ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now