အခန်း ၄၃ - ပြဿနာဖြစ်မှာစိုးတယ်

5.5K 528 7
                                    

ဝင်းလက်စူးရှနေသော အကြည့်များဖြင့် လုကျင်းညန် မတ်တပ်ထလိုက်သည်။

သူ့နေရာက ဇာတ်ညွှန်းစာအုပ်ကို ကြည့်ခဲ့သည်။

စာအုပ်ကိုယူမည်အလုပ် မှောင်မိုက်သောမျက်နှာအမူအယာများဖြင့် လှည့်ထွက်ခဲ့၏ ။

ဆရာဆန်းလည်း ဆက်မထိုင်ရဲတော့ဘဲ လုကျင်းညန်နောက်ကို အပြေးလိုက်သွား၏ ။

စားပွဲအပြီး ချောင်အန်းဟောင် တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေပြီးမှ ထသွားသည်။

" တစ်ဆိတ်လောက်... "

သူမအနောက်က စားပွဲထိုးတစ်ဦး၏ ယဉ်းကျေးသောခေါ်သံကို ကြားလိုက်ရသည်။

သူ့လက်ထဲမှာ ဇာတ်ညွှန်းစာအုပ်နှင့်။

"ဒါ အစ်မဟာလား?"

" ဪ အဲဒါ ရုပ်ရှင်အဖွဲ့သားတစ်ယောက်ယောက်ကနေ မေ့ကျန်ခဲ့တာနေမယ်။ အစ်မကို ပေးလိုက်နော်"

ချောင်အန်းဟောင် စားပွဲထိုးတီကနေ ယူလိုက်၊ ။

" ကျေးဇူတင်ပါတယ် အစ်မ" စားပွဲထိုးက ပြန်ပြောသည်။

ဇာတ်ညွှန်းစာအုပ်ပိုင်ရှင်ကို သိရဖို့ စာအုပ်ကိုဖွင့်သော် သေသပ်သော စုတ်ချက် (တရုတ်ခန်းဂျီး) သုံးချက်ကို တွေ့လိုက်ရာ

"လု ကျန်းညန်"

သေချာပေါက် လု၏ စာအုပ်ပင်။

သူမ နှလုံးတုန်တက်သွားပြီး တစ်ကိုယ်လုံးလည်း တုန်ခါသွားသယောင်။

သူမ အခန်းကို ပြန်ရောက်သည့်အခါ စာအုပ်ကိုကြည့်ရင်း ပြန်ပေးရမလား မပေးရဘူးလားကို ချီတုံချတုံဖြစ်နေခဲ့၏ ။

မနက်ဖြန် မနက်သူ့ကို မပေးလျှင် သူ့မှာတစ်နေကုန် ရိုက်ကွင်းရှိသည်။

ပြောရမည့် ဇာတ်ညွှန်းစကားများ မမှတ်မိပါက သူအဆင်ပြေမည်မထင်။

စာအုပ်ကို ရှောင်မန်း သို့မဟုတ် ဟော်တယ်ဝန်ထမ်းတစ်ယောက်ယောက်ကို ပေးခိုင်းလို့ရသည်။

အဲဒီလို လုပ်ဖို့လည်း ဝန်လေးနေသည်။

နောက်ဆုံး လုကျင်းညန်ဆီ ဖုန်းခေါ်သော် သူ ဖုန်းကိုင်ခဲ့၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now