လုကျင်းညန်သည် ချောင်အန်းဟောင်အား သတ်တော့ဖြတ်တော့မည့်မျက်နှာပေးတစ်ခုနှင့်အတူ စိန်းစိန်းဝါးဝါးကြည့်ခဲ့သည်။အံကြိတ်ကာ သူမ၏လည်ပင်းမှ သူ့လက်များကို ရက်ရက်စက်စက် မလွတ်ခင် သူရဲ့နောက်ဆုံးစကားကို ဒေါနဲ့မောနှင့်ပြောခဲ့၏ ။
သူမရဲ့ဖျတ်ခနဲအကြည့်ကို လွတ်သွားခြင်းမရှိ။
အဲ့ဒီနောက် သူ ရေချိုးခန်းထဲမှ ထွက်သွားတော့သည်။
"မင်းမသေခင်အထိ ကစားထားဦးပေါ့"
ချောင်အန်းဟောင်ရဲ့ မျက်နှာ ဖြူဖက်ဖြူရော်ဖြစ်သွားတဲ့အခါ သူမ၏မျက်တောင်အရှည်များက အနည်းငယ် တုန်ရီခဲ့၏ ။
တဂျိမ်းဂျိမ်းမြည်နေသောတံခါးဆောင့်ပိတ်သံက ပဲ့တင်ထပ်ခဲ့သည့်မတိုင်မချင်း သူမမှာနံရံသို့ ကော်ကပ်ထားသကဲ့သို့ ကျန်ရစ်ခဲ့သည်။
ထို့နောက် တင်းတင်းကျပ်ကျပ်ညှစ်ထားသောသူမနူတ်ခမ်းများအောက်မှာ ဖြစ်ပေါ်လာခဲ့တဲ့တံတွေးကို မြိုချခဲ့၏ ။
ပင်ပန်းနွယ်နယ်ခဲ့သဖြင့် ရေချိုးခန်းကြမ်းပြင်ပေါ်သို့ ပစ်ထိုင်ချလိုက်တဲ့အချိန်မှာ မျက်ရည်များက သူမ၏အမြင်အာရုံအား မကြည်မလင်ဖြစ်စေခဲ့သည်။
"အချိန်လွန်သို့" မှာ သရုပ်ဆောင်နိုင်ဖို့အတွက်နဲ့ သူ့ကုတင်ပေါ်ကို တက်ခဲ့တယ်လို့ ဘာကြောင့်ပြောမိလိုက်ပါလိမ့်?
တကယ်တမ်းတော့ ၎င်းသည် သူမရဲ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ဖို့အတွက် ဆင်ခြေအနေနဲ့ပြောခဲ့ခြင်းသာဖြစ်ခဲ့သည်။
ခံစားချက်များကို သူမဘာသာဆက်ထိန်းသိမ်းခဲ့၏ ။
ယင်းခံစားချက်များမှာ သူ့အပေါ်ထားသော သူမရဲ့ချစ်ခြင်းမေတ္တာတရားများဖြစ်ပေတကား။
သူမ သူ့ကိုချစ်ခဲ့သည်။
လွန်ခဲ့သော ၁၃နှစ်ကတည်းပင် သူ့ကိုတစ်ဖတ်သတ်ကြိုက်ခဲ့သော်လည်း သူသိအောင် သူမကိုယ်တိုင် ဖွင့်ပြောခဲ့ခြင်း ၊ ရေလာမြောင်းပေးလုပ်ခြင်းမရှိခဲ့ပေ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...