အခန်း ၉၂+ ၉၃ + ၉၄

4.8K 352 29
                                    

ငါက မင်းအတွက် ဘယ်သူလဲ?



ချောင်ဟာ လုနဲ့ သုံးကြိမ်အတူတူ အိပ်ခဲ့ဖူးသည်။

ပထမအကြိမ် အရက်မူးနေတုန်းက။

နိုးလာတော့လည်း သူမရဲ့ခံစားချက်အမှန်ကို ဖုံးကွယ်ပြီး ရုပ်ရှင်ရိုက်ဖို့ မြူဆွယ်ခဲ့တာဖြစ်ကြောင်းအကွက်ရွှေ့ခဲ့သည်။

ဒုတိယအကြိမ် လု ဖျားတုန်းက။

သူ့လက်မောင်းပေါ် သူမအိပ်မောကျခဲ့သည်။

သူနိုးလာတော့ "မင်းဘာလိုချင်လို့လဲ?" မေးတာခံခဲ့ရပြီး နောက်ထပ်ဇာတ်ကားရိုက်ဖို့ မြူဆွယ်ခဲ့တာဟု ပြောခဲ့ပြန်သည်။

တတိယအကြိမ် အရင်တစ်ခေါက် ဇာတ်ညွှန်းလာပို့တဲ့အကြိမ်။

စကားတစ်ခွန်းမှ မပြောဘဲ သူ့အခန်းထဲဆွဲခေါ်သွားပြီး ရေချိုးခန်းထဲမှာ ရေအေးနဲ့ ဖျန်းကာ ပခုံးကိုကိုက်ခဲ့သည်။

သူလုပ်ချင်တာလုပ်ပြီးသွားတဲ့အခါမှာ သူမဟာ အိပ်မောကျသွားခဲ့သည်။

အိမ်ပြန်ရောက်တော့ စာချုပ်မှာ လက်မှတ်ထိုးခိုင်းသည်။

အခုသူ့သဘောနဲ့သူ နောက်ထပ်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ခေါင်းဆောင်မင်းသမီးနေရာလုပ်ဖို့ ပြောနေသည်။

ဒါက စတုတ္ထမြောက် အပေးအယူလား?

နောက်ဆိုရင် ပဉ္စမမြောက် ဆဠမမြောက် သတ္တမမြောက်တွေ ...

ဒီလိုသာဆို ပြီးနိုင်ဦးမလား?

လုမျက်စိထဲမှာ သူမဟာ ပြည်တန်ဆာနီးပါးဖြစ်နေလိမ့်မည်။

ချောင် အံကြိတ်လိုက်ပြီး ဇာတ်ညွှန်းကို ဖြစ်ညှစ်ကိုင်ပြီးလျှင် ဆုံးဖြတ်ချက်ကြီး တစ်ခုချခဲ့၏ ။

သူမပြောလိုက်သည်။

" ကျွန်မ မလုပ်နိုင်ဘူး"

အစကတည်းက ချောင်ဟာ လုဆီကနေ ဘာမှ မလိုချင်ခဲ့ပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now