ထုတ်လုပ်သူ ဆန်းရဲ့ မိတ်ဆက်ပေးမှုက ချောင်အန်းဟောင် ကို ပြင်ဆင်ချိန်မပေးဘဲ ရုတ်တရက်ကြီးဖြစ်ခဲ့၏ ။
သို့သော်လည်း သူမ တင့်တယ်စွာ မတ်တပ်ထနေသေးသည်။
စားပွဲရှိလူများဦးညွတ်ပြီးနောက် ကြည်လင်သော အသံဖြင့် ပြော၏ ။
" အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်ရှင် ။
ကျွန်မက ချောင်အန်းဟောင် ပါ ။
ကျွန်မတို့တွေ အလုပ်အတူတွဲလုပ်ရင်း ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ...
ကျေးဇူးတင်ပါတယ် ရှင် ... "
သူမကိုယ် သူမ မိတ်ဆက်ပြီးနောက်မှာ ထုတ်လုပ်သူ ဆန်းက လက်အုပ်တီးပေးလိုက်သည်။
တစ်ချိန်လုံး ငြိမ်ငြိမ်ကလေး စားသောက်နေခဲ့သည့် ဆောင်ရှန်စီကတော့ သူမကိုယ်တိုင်မိတ်ဆက်ပေးနေသည့် တက်သစ်သရုပ်ဆောင်မင်းသမီးလေးကို သံသယတွေဖြင့် အကဲခတ်ကြည့်နေခဲ့သည်။
ထုတ်လုပ်သူ ဆန်း ဟာ သြဘာပေးပြီးနောက် သူမ ကို လုကျင်းညန် နှင့် ရင်းနှီးစေချင်ခဲ့သည်။
" ဆရာလု... ချောင်အန်းဟောင် က ဒီရုပ်ရှင်ကားကြီးမှာ ဆရာ့ရဲ့ ပါတနာလေ... "
ဟု သူ ပြောပေးသည်။
သူမ တည်ငြိမ်အောင် ကြိုးစားခဲ့ပေမယ့် သူမ လက်ဖဝါးတွေ ချွေးစိုလာတော့သည်။
စားပွဲမျာ ထိုင်နေကြတဲ့ လူတစ်ယောက်တစ်လေကမှ သူတို့နှစ်ယောက် ရဲ့ ရင်းနှီးဆက်နွယ်မှုကို သတိမပြုမိခဲ့ကြပါ။
သူတို့ကို သူစိမ်းတွေလို့သာ ထင်ခဲ့ကြသည်။
ထို့ကြောင့် ထုတ်လုပ်သူ ဆန်း ဟာ ချောင်အန်းဟောင်ဘက် လှည့်လိုက်ပြီးတော့...
" အန်းဟောင်... မအနေနဲ့တော့လေ... ဆရာလုကို မြန်မြန်နူတ်ဆက်လိုက်တော့... ဆရာလုဆီက အကူအညီတွေ ရလောက်တယ်... "
ထုတ်လုပ်သူ ဆန်း ရဲ့ စကားဟာ ချောင်အန်းဟောင် ရဲ့ သွေးကြောတွေကို ဗြောင်းဆန်စေခဲ့သည်။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...