လင်ရှီးရီထွက်သွားတော့ ချောင်ဟာ ထုတ်လုပ်သူဆန်းကို အမြန်နူတ်ဆက်ပြီး ထွက်သွားရန်ပြင်သည်။
သူမမပြောခင် ထုတ်လုပ်သူဆန်းဟာ အပြုံးတစ်ခုနဲ့ သူမကို စိုက်ကြည့်နေသည်။
"ချောင်ချောင်... ညီမ အစ်ကိုဘိုကင်လုပ်ထားတဲ့အခန်းလာမလား? အဖွဲ့သားတွေလည်းရှိတယ်.."
"ဟုတ် မလာတော့ဘူး.. အစ်မယန်နဲ့ ဖဲကစားဖို့ချိန်းထားလို့ပါ.. ခုဆိုစောင့်နေလောက်ပြီ" ပြောရင်း ချိုသာစွာ ငြင်းဆိုသည်။
"ဖဲလား? အစ်ကိုက ဖဲဆော့အရမ်းကျွမ်းတာ နောက်မှ skillတွေပြမယ် ဟဲ.."
ထုတ်လုပ်သူဆန်းက ဆက်ပြောသည်..
"အစ်ကို ရုပ်ရှင်ကားသစ်တစ်ကားမှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်နေတာ နောက်နှစ်ကုန်ဆိုရိုက်ကြလိမ့်မယ်.. ဒီကားပြီးတဲ့အချိန်လောက်ပေါ့..ညီမစိတ်ဝင်စားမယ်ဆိုရင် ဖဲကစားတာထက် အဲ့အကြောင်းပြောကြမယ်လေ"
(A/N: လုလက်စာထပ်မိခံချင်နေတာ သူက =.=)
အတင်းအကျပ်ပြောနေတာကြောင့် ချောင်လည်း မသက်မသာပြုံးရင်း လက်ခံလိုက်ရသည်။
လင်ရှီးရီတစ်ယောက် KTV အခန်းထဲကနေပြေးထွက်ပြီး ငိုပွဲချခဲ့သည်။
လုကတော့ ဂျာကင်ကောက်ဝတ်ပြီး အချေပုံစံနဲ့ အခန်းထဲက ထွက်ဖို့ထသည်။
"ကောင်းကောင်းပျော်လိုက်ကြပါဦး...ကျွန်တော် လုပ်စရာအလုပ်ကိစ္စလေးတွေရှိသေးလို့" ဟုပြောရင်း တံခါးဆီလျောက်သည်။
လက်ထောက်လည်း အခန်းထဲလူတွေကို စနောက်နေတုန်း "ဆောရီးပာဗျာ" ဟုပြောရင်း ခပ်သွက်သွက် လိုက်သွားသည်။
သူတို့နှစ်ယောက် ခပ်ခွာခွာလမ်းလျောက်လာရင်း ဓာတ်လှေကားထဲသို့ ဝင်ကြရန် လက်ထောက်က ဓာတ်လှေကားခလုတ်ကို နှိပ်သည်။
တံခါးဖွင့်သော် လုက ခပ်တည်တည် ဝင်သွား၏ ။
လက်ထောက်လည်း ခပ်တိုးတိုးသက်ပြင်းချရင်း ဝင်၏။
၈နှစ်ကျော် လုထံတာဝန်ထမ်းဆောင်လာတာကြောင့် လုဘာဖြစ်နေလဲဆိုတာ သူသိလိမ့်မည်။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...