အခန်း ၁၁ - မေတ္တာတရားရဲ့ လူပ်ရှားမှုအသေးအဖွဲများ

8.3K 905 25
                                    

ချောင်အန်းဟောင်မှာ ဆိုဖာပေါ်မှ မထခင် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ခဲ့လျက်။

အဝတ်အစားတစ်စုံကို ယူပြီး ရေချိုးခန်းထဲသို့ သွားခဲ့သည်။ သူမရဲ့ မိတ်ကပ်များကို မဖျက်ခင်မှာ ရေချိုးကန်ထဲ၌ ရေဘုံပိုင်ကိုဖွင့်ချလိုက်၏ ။

သူမရဲ့သွားပွတ်တံပေါ်မှာ သွားတိုက်ဆေးထည့်နေတုန်း ရေထဲမှာ တဗွမ်းဗွမ်းသွားနေသော ခြေသံအား ဝိုးတိုးဝါးတားကြားခဲ့၏ ။

သွားပွတ်တံကို ကိုင်ထားသည့်လက်က မရည်ရွယ်ဘဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်သွားမိပြီး မှင်တက်သွားတော့သည်။

တံခါးကို တွန်းမဖွင့်ခင် လက်ဆေးကန်နေရာမှာ သူမအကြာကြီးရပ်ခဲ့သည်။ အပြင်ဘက်မှာတော့ လုကျင်းညန်မှာ ဆိုဖာပေါ်တွင် ထိုင်နေခဲ့လျက်။

ချောင်အန်းဟောင်မှာ သူပြန်လာလိမ့်မယ်လို့ မထင်ထားတာကြောင့် တစ်ညလုံး စိုးရိမ်ပူပန်ရတော့မည်။ စောစောကလေးတင် သူပြန်မလာတော့ဘူးဆိုပြီး စိတ်သက်သာရုံရှိသေး၏ ။

ဤ အခိုက်အတန့်၌ သူမ သူ့ကို မျက်နှာချင်းဆိုင်ဖို့ မပြင်ဆင်ခဲ့ရသေးပါ။

သူမရဲ့နှလုံးသားဟာ သူမပေါ်မှာဖုံးလွှမ်းနေသော... တစ်စတစ်စဖြစ်ပေါ်နေသော... စိုးရိမ်ခြောက်ခြားမှုများနှင့် ရင်းနှီးနေသော အာရုံခံစားမှုများဖြင့် နစ်မြုပ်လာတော့သည်။

တံခါးဖွင့်သံ ကြားပြီးနောက် လုကျင်းညန် သူ့ခေါင်းကို နည်းနည်းလှည့်လိုက်သည်။

ထို့နောက် ချောင်အန်းဟောင်ကို ကျော်ပြီး အကြည့်လွဲလိုက်လျက်။

သူမမှာတော့ သူဖျတ်ခနဲကြည့်လိုက်ရုံနှင့်တင် တုန်သွားတော့သည်။

သူမရဲ့ခေါင်းကို မြန်မြန်ငုပ်လိုက်ပြီး အဝေးကိုကြည့်ခဲ့သည်။

သူ့ကို စကားပြောလျှင် ဂရုအစိုက်မခံရမှန်း သိနေခဲ့တာတောင် ရေရေရာရာအကြည့်တစ်ခုနှင့်ကြည့်ပြီးနောက်...

"ပြန်လာပြီလား" ဟု သူ့ကိုနွေးနွေးထွေးထွေး မေးလိုက်သေးသည်။

သူမ ခေါင်းဖော်ရုံလေးသာနေခဲ့ပြီး သူ့ကိုမကြည့်ချင်တော့ပါ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SDonde viven las historias. Descúbrelo ahora