သူမ ကို လက်ပူးလက်ကြပ်မိသွားလောက်သည်။ ထို့ကြောင့် မှန်ထဲကနေ လုကျင်းညန်ကို စိုက်မကြည့်ရဲတော့ပေ။
အဲဒီအစား ကြိုးတစ်ချောင်းလို ဖြောင့်ဖြောင့်တန်းတန်းထိုင်နေလိုက်ပြီး မတွေမဝေဘဲ သူမကိုယ်သူမကြည့်နေလိုက်သည်။
ထို့နောက် cream ကို ဆက်လိမ်းနေခဲ့ ၏ ။
လုကျင်းညန်နိုးသွားသောကြောင့် သူမ cream လိမ်းလို့ပြီးသည်အထိ ပြန်အိပ်ပျော်တော့မည်မဟုတ်ပါ။
ဤသို့ဖြင့် ငြိမ်ငြိမ်ဆိမ်ဆိမ်နေပြီး Cream ကို လိမ်းနေဖို့ ဆုံးဖြတ်ခဲ့သည်။
မျက်နှာလိမ်း cream ကို လိမ်းဖို့ကိုသာ အာရုံစိုက်လိုက်၏ ။
သူမ ပြီးသွားလို့ မတ်တပ်ထခဲ့သောအခါ မှန်ထဲက လုကျင်းညန်ကို မှန်ထဲကနေ ခိုးကြောင်ခိုးဝှက်ဖြင့် ချောင်းကြည့်လိုက်၏ ။
သူသည် ဖုန်းကို စူးစူးစိုက်စိုက်ကြည့်နေပြီး အိပ်ရာပေါ်မှာ လဲနေသေးသည်။
လုကျင်းညန် ပြန်ကြည့်တာခံရပြီးချင်းချင်းမှာ ချောင်အန်းဟောင်မှာ ပျာယာခတ်သွား၍ တိုးတိုးတိတ်တိတ် လိုက်မီးဖွင့်ပြီး အိပ်ရာဘေးကို လမ်းလျောက်ခဲ့သည်။
သူမ အိပ်သည့်နေရာမရောက်ခင်ထိ ခြေသံမထွက်စေရန် ခြေလှမ်းများကို ညင်ညင်သာသာ ဖွဖွလျလျနင်းလျက်။
သူမအိပ်ရာနေရာမှာ လဲလျောင်းလိုက်ပြီး စောင်ကိုအပေါ်သို့မခဲ့စဉ် ရုတ်တရက်တစ်ခုခု သတိသွားရခဲ့သောကြောင့် အဝတ်လဲခန်းသို့ ကမန်းကတန်းပြေးသွား၏ ။
လူတစ်ကိုယ်စာလောက်ရှိသော ဝက်ဝံရုပ်ကြီးသယ်လာလျက် လမ်းလျောက်လာလေသည်။
ဝက်ဝံရုပ်ကြီးနှင့်အတူ ကုတင်ပေါ်သို့ လာခဲ့၏ ။
လုကျင်းညန်မှာ မထုံတက်သေး ခေါင်းကိုမော့လိုက်ကာ သူမကို မျက်နှာကြောတင်းတင်း စူးစိုက်ဝှေ့ဝိုက်ကြည့်နေခဲ့သည်။
ချောင်အန်းဟောင်ရဲ့ နှလုံးသားမှာ မထိနိးနိုင်မသိမ်းနိုင်အောင် တဒုတ်ဒုတ်ခုန်သွားတော့သည်။ အသက်မရှူရဲနိုင်တော့သည်အထိပင်။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...