လူတိုင်းက တစ်ခြားလူတစ်ယောက်ကို ချစ်ကြတဲ့အခါ သူတို့တတ်နိုင်တာကို အကောင်းဆုံးကြိုးစားကြတယ်။
ဒါပေမယ့် မကြာခဏဆိုသလိုတော့ မကြိုးစားနေကြပါ။
တစ်ခါတစ်လေ "ငါမင်းကိုချစ်တယ်" လို့ပြောဖို့တောင် မေ့နေတတ်ကြပါတယ် ။
•
•
•လုကျင်းညန် ရဲ့ ဖုန်းအလန်းမြည်လာတဲ့အခါ ပထမဆုံးနိုးလာသူက ချောင်အန်းဟောင် ဖြစ်သည်။
ဘေးကိုစောင်းရင်းသူမနားလည်လိုက်သည်မှာ လူဂျင်းနီယန်ရဲ့လက်မောင်းထဲမှာ အိပ်ပျော်ခဲ့ခြင်းဖြစ်သည်။
၂စက္ကန့်ကြာပြီးနောက် မနေ့ညကအဖြစ်အပျက်များကို မှတ်မိလာခဲ့သည်။
ကြောက်ကြောက်လန့်လန့်ဖြင့် သူမအိပ်ရာပေါ်မှ ပြေးဆင်းပြီး အိမ်သာထဲကိုဝင်ခဲ့သည်။
ဖုန်းအလန်းမြည်သံနှင့် ချောင်အန်းဟောင်ရဲ့အားမာန်ပါသောလှုပ်ရှားမှုများကြောင့် လုကျင်းညန်တစ်ယောက်နိုးလာခဲ့လေသည်။
သူမျက်လုံးဖွင့်လိုက်တဲ့အချိန် ပထမဆုံးမြင်လိုက်ရသည်မှာ အိမ်သာထဲတွင်ချော်လဲနေသော ချောင်းအန်ဟောင်ပင်။
ဖျတ်ခနဲအကြည့်ုဖြစ်ခဲ့သော်လည်း သူမ၏နူးညံ့ပြီးဖြူဖွေးသောအသားရေပေါ်တွင် နမ်းထားသည့်မာကင်ရာများနှင့် တစ်ကိုယ်လုံးအဝတ်ဗလာဖြစ်နေသော သူမကိုထင်ထင်ရှားရှားမြင်လိုက်ရ၏ ။
အရင်ညကအဖြစ်အပျက်များကို သူပြန်မြင်ယောင်ခဲ့သည်။
ချောင်အန်းဟောင်သည် သူ့အကျီင်္ိများကိုဖြည်းဖြည်းချင်းချွတ်လျက်၊ တယုတယပွတ်သပ်လျက်၊ နမ်းလျက် လက်မောင်းများထဲသို့ တက်ခဲ့သည်။
လုကျင်းညန်၏မျက်ခုံးများ နဖူးရေတွန့်သွားသည်။ အခန်းအနှံ့ကြည့်လိုက်ရာ သူသည် အိပ်ရာပေါ်တွင်အရူပ်တစ်ခုကို ဖန်တီးခဲ့လေသည်။
နီးကပ်စွာ ရူပ်ထွေးငြိတွယ်နေသော အမျိုးသား အမျိုးသမီးဝတ်ညဝတ်အကျီင်္ီများ ၊ အိပ်ရာခင်းပေါ်တွင် စွန်းထင်းနေသော အနီကွက်ငယ်တစ်ခု ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...