"ဟွမ်းယဉ် ဖျော်ဖြေရေး ကုမ္ပဏီ ဒေဝါလီခံရကိန်းဆိုက်နေရတဲ့ကိစ္စတွေကို ဖြေရှင်းနေရတဲ့အချိန်မှာ လုကျင်းညန်က ကုမ္ပဏီကိုဝယ်ဖို့ သူ့စုဆောင်းငွေအားလုံးကို ထုတ်ယူခဲ့တဲ့သတင်းက မယုံနိုင်လောက်တဲ့အထိဖြစ်ခဲ့ကြတယ်။
လူတိုင်းကသူ့ကို ဟွမ်းယဉ်ကုမ္ပဏီနဲ့အတူတူ ကျရူံးသွားလိမ့်လို့ထင်နေခဲ့ကြတာ။
ဒါပေမယ့် သူကမကျရူံးတဲ့အပြင် ဟွမ်းယဉ် ကို နိုင်ငံရဲ့ အကြီးဆုံး ဖျော်ဖြေရေး ကုမ္ပဏီအနေနဲ့ တိုးတက်ပြောင်းလဲပစ်ခဲ့တယ်။
ဒီနေ့ခေတ် ရုပ်ရှင်လောကမှာ ငွေကြယ်ပွင့်ဆိုတာ ဟွမ်းယဉ် ကနေပဲ တက်လာတာမလား? "
"ငါကြားရသလောက်တော့ သူ့မှာ အရာရာတိုင်းကို သူကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျသလို ဘယ်သူ့ကိုမှအရောမဝင်ဘဲ တသီးတခြားနေတတ်တဲ့ အကျင့်ရှိတယ်ဆိုပဲ။
သူ့အပြင်ပန်းပုံစံကြည့်တာနဲ့တင် သူ့အရည်အချင်း၊ သူ့သရုပ်ဆောင်ပညာတွေက အရမ်းတော်မှန်းသိသာပါတယ်။
ဒါကြောင့်မို့လဲ သူ့ကို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး လို့ တင်စားဂုဏ်ပြုထားတဲ့ ဘွဲ့နဲ့ပတ်သက်ပြီး သံသယဝင်စရာကိုမရှိတာပါ။
ဒီ နှင်းဆီခိုင် ကြီးက နောက်ဆုံး ဘယ်သူနဲ့လက်ထပ်မလဲဆိုတာ သိချင်လိုက်တာဟယ်"
"နင်စောစောက ပြောခဲ့တာ သူက ၁၈ နှစ်မှာ အကြွေးတင်ခဲ့တယ်ဆိုတော့ အခုလောက်ဆို သူ့အသက် ၂၈ နှစ်ရှိနေပြီပေါ့နော်။
စဉ်းစဉ်းစားစားနဲ့ပြောရရင်ဟာ အကယ်၍ သူလက်မထပ်ဘူးဆိုရင်တောင် သူ့မှာ ရည်းစားတော့ရှိသင့်တာပဲ။
ဘာလို့အဲဒီကိစ္စနဲ့ ပတ်သက်တဲ့သတင်း မထွက်ရတာလဲမသိ..."
"အေးနော် ။ သူ့မှာ အနေနီးတဲ့မိန်းကလေး ဒါမှမဟုတ် အရမ်းရင်းနှီးတဲ့ မိန်းကလေးလဲမရှိဘူး။ ထူးဆန်းတယ်။ ဒါမှမဟုတ်ရင် သူက ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတာလဲ ဖြစ်နိုင်တာပဲ..."
သူတို့ရဲ့ ဆူဆူညံညံအမျှင်မပြတ်ပြောနေတာတွေကို နားထောင်နေတဲ့ ရှောင်မန်းဟာ သူမရဲ့စပ်စုချင်စိတ်များကို မထိန်းနိုင်တော့ပါ။
YOU ARE READING
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.S
Romanceလူကြိုက်အများဆုံးရုပ်ရှင်မင်းသမီး ချောင်အန်းဟောင် နဲ့ အတော်ဆုံးရုပ်ရှင်မင်းသား လုကျင်းညန်တို့ဟာ အသိုင်းအဝိုင်း၏ အတင်းအကျပ်ပေးစားမှုကြောင့် မဖြစ်မနေလက်ထပ်လိုက်ရပြီးနောက် လုရဲ့စည်းကမ်းချက် ၃ ခုကတော့.. ၁။ မင်းငါ့ကို လူတွေရှေ့မှာ မထိနဲ့။ ၂။ မင်းကငါ့မိန်...