အခန်း ၃၀ - ရုပ်ရှင်အဖွဲ့ထဲ တရားဝင်ပါခြင်း

6.5K 624 7
                                    


လုကျင်းညန် စကားမဆုံးပဲ ဖုန်းချလိုက်သည်က ချောင်အန်းဟောင်အနေဖြင့် ထိုအရာမျိုးသည် ဘယ်လိုမှ မကောင်းနိုင်ဘူးဆိုတာ သိနေခဲ့သည်။

သူမ လုကျင်းညန် ရဲ့အမူအရာများကို အကဲခတ်နေခဲ့သည်မှာ ရက်အနည်းငယ်လောက်ရှိပြီ။

သူကိုယ်တိုင်က ဆုအနေ နဲ့ ဘာကို လိုချင်သလဲလို့မေးခဲ့သည် ။

ဤသို့ဖြင့် သူ သူမကို အသုံးချစရာတစ်ခုထက် ပိုမမြင်ခဲ့ချေ။

ဒေါသတွေဖြင့် သူမကို လည်ပင်းညစ်သတ်ချင်သည်အထိ၊ နောက်ဆုံး အိမ်ကနေတောင် နှင်ချခဲ့သည်။

သူ့ဆီက ဖုန်းလက်ခံ ရပြီးနောက်မှသာလျှင် သူရဲ့ ဒေါသကို နားလည်လာခဲ့တော့သည်...

လုကျင်းညန်သည် ချောင်အန်းဟောင်ကို သူမ အလှတရားအပေါ် ဂုဏ်မောက်နေသည်ဟု ထင်နေခဲ့ခြင်းပင်။

သူမလည်း ယခင်ထဲကပင် ယခုအတိုင်းတွေးခဲ့မိသင့်တယ်မဟုတ်ပါလော။

သူက အစကတည်းက သူမနှင့်အိပ်ရန် ရည်ရွယ်ချက်မရှိခဲ့ပါ။

သူမ က 'ညို့ယူဆွဲဆောင်ချိန်' တွင် ဒုတိယဇာတ်ဆောင်မင်းသမီးလုပ်ဖို့ တကယ်ပဲတန်ရော တန်ရဲ့လား?

သူဖျားမနေခဲ့ရင် သူမကို ထိချင်ခဲ့မှာတောင် မဟုတ်ဘူးလေ၊ မှန်တယ်မလား?

သူမက သူနှင့်အတူ အိပ်ခဲ့မိလို့ နောင်တရတဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော မိန်းကလေး ဖြစ်နိုင်လေရဲ့ ။

ဒါ့အပြင် သူမ ကယောကျာ်းဖြစ်သူ ရဲ့ ဖုန်းနံပါတ်ကို လပ်ထပ်ပြီး ငါးလကျော် မှ သိရတဲ့တစ်ယောက်တည်းသော ဇနီးပါပဲ ။

သူမ နှုတ်ခမ်းများ အပေါ်သို့ကွေးညွှတ်နေသည် ။

သူမ အသက်မပါတဲ့အပြုံးဖြင့် ပြုံးလိုက်ပေမယ့်...

မျက်ဝန်းတစ်စုံ အတွင်းမှာတော့ ဝမ်းနည်းမှုတို့က ဖုံးလွှမ်းနေလျက်..

' ညို့ယူဆွဲဆောင်ချိန်'သည် ဟွမ်းယဉ်း ရုပ်ရှင်ထုတ်လုပ်ရေး မှ သန်း ၂၀ကျော် ရင်းနှီးထားပြီးလူအများက စောင့်မျှော်နေသည့် ရုပ်ရှင်လဲဖြစ်၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now