{ Zawgyi }
ဒီနေ့တော့ ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ဂျီမင် မနက်စောစောထကာ ကျောင်းသွားရန်ပြင်ဆင်နေခဲ့သည်။ နှစ်ရက်တာလွမ်းနေခဲ့ရတဲ့ မောင့်ကိုတွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့် လူကပျော်ရွှင်တက်ကြွနေလေသည်။
သီချင်းလေးတအေးအေးနှင့် ပြင်ဆင်လို့အပြီးမှာတော့ ကျောပိုးအိတ်ကိုလွယ်ပြီး အခန်းထဲထွက်လာခဲ့လိုက်သည်။ ထမင်းစားခန်းထဲကိုဝင်လိုက်တော့ Daddy တောင် စားပွဲဝိုင်းမှာရောက်နေပြီဖြစ်သည်။
" Morning Daddy...."
" Morning ပါ သားငယ်လေးရေ... ညကကောင်းကောင်းအိပ်ပျော်ရဲ့လား..."
" ဟုတ် Daddy... အိပ်ပျော်ပါတယ် "
ဒေါ်လေးပြင်ပေးတဲ့မနက်စာကို စားပြီးနောက်မှာတော့ ဂျီမင်နဲ့ Daddy အတူအိမ်ကထွက်လာခဲ့ကြသည်။ Daddy ကအမြဲတမ်း ဂျီမင်ကိုကျောင်းလိုက်ပို့ပေးပြီးမှ အလုပ်ကိုသွားတတ်သည်။ ဂျီမင်က Daddy အလုပ်ပိုမှာစိုးတာကြောင့် လိုင်းကားပဲ စီးချင်သော်လည်း Daddy ကခွင့်မပြုပေ။
" သားငယ် ရော့..."
ကျောင်းရောက်တော့ ဂျီမင် ကားပေါ်ကဆင်းရန်ပြင်နေတုန်းမှာပဲ Daddy ကသူ့ရဲ့ကတ်ကိုလှမ်းပေးသည်။
" ကျေးဇူးပါ Daddy... "
ဂျီမင် Daddy ကိုဖက်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်မိသည်။ မနေ့က Daddy ကိုမုန့်ဖိုးတောင်းထားတာ ဂျီမင်မေ့တောင်မေ့နေပြီဖြစ်သော်လည်း Daddy ကတော့ သတိတရရှိနေလေသည်။
" ကျေးဇူးတင်စရာမလိုပါဘူးဗျာ... သားငယ်လေး ပျော်ရင်ကျေနပ်ပါပြီ...."
" သား... သွားပြီနော် Daddy "
" စာသေချာလိုက်လုပ်နော်....အပြန်ကျရင်လည်း ဂရုစိုက်ပြီးပြန်နော် သားလေး...."
စိတ်ပူစွာဖြင့်မှာနေတဲ့ Daddy ကို ဂျီမင် လက်ပြကာ တာ့တာလုပ်လိုက်သည်။ Daddy ရဲ့ကားလေးထွက်သွားမှ ဂျီမင်လည်း ကျောင်းထဲကိုဝင်ခဲ့လိုက်တော့သည်။
ဂျီမင်ရဲ့ Daddy ကအသက်၄၀ ကျော်ပြီဖြစ်သော်လည်း အခုထိခန့်ညားချောမောနေဆဲဖြစ်သည်။ အရပ်ရှည်ရှည်နှင့် တည်ကြည်ခန့်ညားပြီးယောက်ျားပီသတဲ့ Daddy ကိုလိုချင်တဲ့ အဒေါ်ကြီးတွေ ကောင်မလေးတွေပုံနေသော်လည်း Daddy ကတော့ဘယ်သူ့ကိုမှသဘောမကျခဲ့ပေ။
YOU ARE READING
Mysterious Love Circle ( Completed )