{ Unicode }
စားပွဲပေါ်မှာတင်ထားတဲ့ ဓာတ်ပုံကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး ဆော့ဂျင် သက်ပြင်းချကာ စားပွဲပေါ် လက်ထောက်လိုက်မိသည် ။ ကျန်တဲ့လက်တစ်ဖက်နဲ့ ဆံပင်တွေကို ဖွလိုက်ရင်း ဝမ်းနည်းစိတ်က လှိုက်တက်လာခဲ့လေသည် ။ သူ ခန့်မှန်းထားသလို ဖြစ်လာခဲ့ပြီပဲ ။
ဘယ်လိုပဲကြိုတွေးထားတယ် ဆိုဆို တကယ်တမ်း ကြုံတွေ့လိုက်ရတော့ ဝမ်းနည်းစိတ်ကပေါ်လာရသည် ။ သူထင်ထားသလို သားငယ်လေးက ရည်းစားရနေပြီပဲ ။ ပြီးတော့ သားငယ်လေးရဲ့ချစ်သူဟာ ကောင်လေး တစ်ယောက်ဖြစ်နေခဲ့တယ်လေ ။ ချစ်သူရှိနေပြီဆိုတာ ခန့်မှန်းမိပေမယ့် ထိုချစ်သူက ကောင်လေးတစ်ယောက်ဖြစ်နေမယ်လို့တော့ တွေးမထင်ခဲ့ဖူးပေ ။
သားငယ် အိမ်ပြန်နောက်ကျပြီး နောက်နေ့ကတည်းက သူ လူတစ်ယောက်ငှားပြီး သားငယ်ကို စောင့်ကြည့်စေခဲ့သည် ။ သားငယ်နဲ့သူ့ကောင်လေး လျှောက်လည်ကြတဲ့ပုံတွေ သူ့ဆီရောက်လာတဲ့အချိန်မှာတော့ သူ ဝမ်းနည်းသွားရသည် ။ သားသ သူ့ဘဝအတွက် အရာရာဖြစ်ခဲ့တာလေ ။ သူကြိုးစားနေတာတွေရှာဖွေနေတာတွေကလည်း သားငယ်လေးအတွက်ပါပဲ ။ သူတယုတယ ထိန်းသိမ်းခဲ့တဲ့ သားလေးကို တခြားသူ ပိုင်ဆိုင်နေပြီဆိုတဲ့ အတွေးက သူ့ရင်ကို နာကျင်စေလေသည် ။
သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ သားငယ်ရဲ့မျက်ဝန်းလေးတွေကတောက်ပပြီး အလှဆုံးပြုံးနေတာပဲ ။ သားငယ်လေးက ထိုကောင်လေးကို သိပ်ချစ်ပုံပေါ်လေသည် ။ ကောင်လေးကလည်း သားလေးကိုဂရိုစုက်ပုံ ချစ်ပုံပေါ်တာကြောင့် ဆော့ဂျင် နည်းနည်းတော့ စိတ်အေးသွားရသည် ။ ကောင်လေးက သန့်သန့်ပြန့်ပြန့်နှင့် ယောက်ျားပီသတဲ့ပုံပေါက်လေသည် ။ အခုခေတ်က LGBT ကိုအနည်းနဲ့အများ ထောက်ခံလာကြပြီ ဖြစ်တာကြောင့် သားငယ်တို့ ချစ်ခရီးလမ်းဟာ အနှောင့်အယှက်တွေ ဝေဖန်မှုတွေမရှိဖို့မျှော်လင့်မိသည် ။
သူကိုယ်တိုင်ကတော့ သားငယ်သာ ပျော်ရွှင်ရမယ် ထိုကောင်လေးကိုလည်း တကယ်ချစ်မယ်ဆိုရင် လက်မခံပေးစရာအကြောင်းမရှိပေ ။ သားငယ် ပျော်နေမယ်ဆိုရင် သူ့အတွက်ဘာများ လိုအပ်ဦးမှာလဲ ။ သားငယ်ကို အမှန်အတိုင်းမေးပြီး ကောင်လေးနဲ့တွေ့ကြည့်ရန်စိတ်ကူးလိုက်သည် ။ သားတို့ကို သဘောတူကြောင်းပြောလိုက်ရင် သားလည်း ခိုးတွေ့စရာ ခိုးကြောင်ခိုးဝှက်လုပ်စရာမရှိတော့ပေ ။
YOU ARE READING
Mysterious Love Circle ( Completed )