❤️ 25 ❤️

182 21 14
                                    

( Unicode )

အဖြူရောင်ပန်းမျိုးစုံနဲ့ အလှဆင်ထားတဲ့ ခန်းမကြီးရဲ့အလယ် စင်မြင့်ထက်မှာ အဖြူရောင် ဝတ်စုံဆင်တူ ဆင်မြန်းထားတဲ့ သတို့သားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ကြည်နူးစွာ ပြုံးပျော်နေကြလေတယ် ။

ထို သတို့သားနှစ်ယောက်ကို စင်မြင့်အောက်မှာ ထိုင်ပြီး ကြည်နူးပီတိဝေစွာ ကြည့်နေတဲ့ လူနှစ်ယောက်လည်းရှိနေလေတယ် ။ ထိုလူနှစ်ယောက်ဟာလည်း တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ရင်းနဲ့ပျော်ရွှင်နေကြတယ်လေ ။

" ကျွန်တော်တို့ သားနှစ်ယောက်လုံး အရမ်းချောတာပဲနော်..."

" ကိုယ်တို့သားတွေပါဆိုမှ ချောရမှာပေါ့ ယွန်းဂီရယ်..."

ဆော့ဂျင် ရဲ့စကားအဆုံးမှာ ယွန်းဂီ ခပ်တိုးတိုးလေးရယ်မိလိုက်တယ် ။

ဟုတ်ပါတယ် ဒီနေ့ဟာ သူတို့ရဲ့အချစ်ရဆုံး သားနှစ်ယောက်ရဲ့ လက်ထပ်ပွဲနေ့လေးပဲဖြစ်လေတယ် ။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ ကလေးတွေကို လက်ထပ်ပေးလိုက်ပြီ‌ဆိုတော့ သူတို့နှစ်ယောက်ဘဝအတွက် အကြီးဆုံး တာဝန်တစ်ခုကို အောင်မြင်သွားသလို ခံစားမိရလေတယ် ။

" သတို့သားနှစ်ယောက် အနမ်းပေးနိုင်ပါပြီ...."

ဖာသာရဲ့ စကားအဆုံးမှာ ထပ်တူကျသွားတဲ့ နှုတ်ခမ်း တစ်စုံနဲ့အတူ ရင်ခုန်သံတို့ဟာလည်း စည်းချက်ညီစွာ လှုပ်ရှားနေလေတယ် ။

" အရမ်းချစ်တယ် ကိုယ်ရဲ့အချစ်လေး..."

" အချစ်လည်းမောင့်ကို သိပ်ချစ်တယ်..."

အနမ်းတွေရပ်တန့်ပြီးနောက်မှာတော့ ချစ်စကားတွေအပြန်အလှန်ပြောမိကြလေတယ် ။ ဒီနေ့ဟာ သူတို့နှစ်ယောက်အတွက် အပျော်ဆုံးနေ့ပဲဖြစ်လေတယ် ။

ချစ်သူသက်တမ်း ၆ နှစ်ကျော်ကြာပြီးနောက်မှာတော့ သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြတယ်လေ ။ အမှန်တော့ ဖေဖေနဲ့ Daddy က သူတို့နှစ်ယောက်ကို ကျောင်းပြီးကတည်းက လက်ထပ်စေချင်ခဲ့ကြတယ်လေ ။

ဒါပေမယ့် သူတို့က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်သည်အထိ ကြိုးစားပြီးမှ လက်ထပ်ချင်တယ်ဟုပြောခဲ့တာကြောင့် သူတို့ရဲ့ ဆန္ဒကိုလက်ခံပေးခဲ့ကြလေတယ် ။

Mysterious Love Circle ( Completed )Donde viven las historias. Descúbrelo ahora