❤️ 18 ❤️

96 16 4
                                    


{ Unicode }



ဂျောင်ကုက စောင့်နေရန်ပြော၍သာ ဆော့ဂျင် စောင့်နေရပေမယ့် ငြိမ်ငြိမ်မထိုင်နိုင်ပဲ ထကာ အိမ်ရှေ့ပေါက်ဝအထိ လျှောက်သွားရင်း စိတ်လှုပ်ရှားနေမိတယ် ။

" ကလေးတွေပြန်ရောက်တော့မှာပါ အကိုရယ် စိတ်ဖြောင့်ဖြောင့်နဲ့ထိုင်ပါဦး...."

ယွန်းဂီ ကထိုင်နေရာကနေ ပြောတော့မှပဲ ဆော့ဂျင် ယွန်းဂီ ဘေးကခုံမှ သွားထိုင်နေမိတယ် ။

" ဒီကလေးတွေ ဘာတွေများ လျှောက်လုပ်နေကြလဲမသိဘူး...."

ယွန်းဂီကိုပြောသလိုလိုနှင့် ဆော့ဂျင် တစ်ယောက်တည်း ရေရွတ်နေခဲ့မိတယ် ။ ဂျောင်ကု က လွန်ခဲ့တဲ့ ၂ နာရီလောက်ကတည်းကပင် ဂျီမင်ကိုသွားခေါ်လာမယ်ဟုဆိုကာ ထွက်သွားခဲ့တယ်လေ ။

အခု အချိန်အထိ  ပြန်မလာသေးတာကြောင့် ဆော့ဂျင် စိတ်ပူနေခဲ့မိတယ် ။ ဖုန်းဆက်တော့လည်းဖုန်းမကိုင်တာကြောင့် ပိုလို့ စိတ်ပူနေရတယ် ။


" ဟုတ်ပ အကိုရယ်... အခုခေတ်ကလေးတွေ ထိန်းရတာမလွယ်ပါဘူးနော်... ကိုယ်တိုင်ကလေးထိန်းရတော့မှပဲ ကျွန်တော်တို့တုန်းက အဖေတို့ ဘယ်လောက်စိတ်ညစ်ခဲ့ရမလဲဆိုတာ ကိုယ်ချင်းစာမိတယ်...."

ဆော့ဂျင် စိတ်ပူနေတာ ပျောက်လိုပျောက်ငြား ယွန်းဂီ စကားလမ်းကြောင်းလွှဲကာ ပြောနေခဲ့မိတယ် ။

" ဟုတ်တယ် ယွန်းဂီရယ်... တစ်ယောက်တည်း မွေးထားမိလို့ပဲ ထိန်းရတာ လူရောစိတ်ရောပင်ပန်းရတယ်.... ယွန်းဂီလည်းကိုယ့်လိုပဲဖြစ်ခဲ့မှာပဲနော် အဖေလိုရော အမေလိုရော စောင့်ရှောက်ရတာ..."

" အမှန်ပဲပေါ့ အကိုရယ်... အခုအရွယ်ရောက်လို့ သူ့ကိုယ်သူလေး ထိန်းသိမ်းတတ်လို့တော်သေးတယ်... ငယ်ငယ်ကတော့ အကုန်လိုက်ပူနေရတာပဲလေ... နေမကောင်းများဖြစ်မလား... ဘာများဖြစ်မလဲ အသေးစိတ်လိုက်ပူနေရတာ...."

အဖေတွေဖြစ်နေတော့လည်း ကိုယ့်အကြောင်းထပ် သားတွေရဲ့အကြောင်း ပြောရတာကို ပိုသဘောကျနေမိလေတယ် ။ သူတို့နှစ်ယောက်လုံးက single father ဖြစ်နေကြတာကြောင့် အတွေ့အကြုံတွေကအစ တူညီနေလေတယ် ။

Mysterious Love Circle ( Completed )Onde histórias criam vida. Descubra agora